*မောင့်...ဒီဆိုင်လေး စားချင်တာ*
*ဝင်လေ*
ရှောင်းကျန့်လက်ကို ခိုတွဲကာ ဆိုင်ထဲသို့ ဦးတည်ကာ ဝင်သွားသော သူမ။ ရှောင်းကျန့်၏ မျက်နှာအခြေအနေကို မကြည့်ဘဲ သူမ ဖြစ်ချင်ရာသာ လုပ်သည်။ ဆိုင်ထဲလဲ ရောက်နေပြီမို့ ရှောင်းကျန့် သူမလက်ကိုတော့ မဖယ်ချပစ်မိလိုက်ပါ။
တစ်ကယ်ကို သူ့စိတ်ထဲတွင် ယန်ယန်းဆိုသော သူမ မရှိတော့ပေ။ ဘယ်လောက်ထိလဲဆို ယန်ယန်းကို သူ နမ်းဖို့၊ အတူနေဖို့ မပြောနှင့် သူ ဖက်ချင်စိတ်တောင် မရှိတော့တာ သူ၏ စိတ်ရင်းအမှန်ပင်။ ယန်ယန်းကို အရင်က သူ ချစ်ခဲ့သည်လို့ ထင်ခဲ့သည်။ ဒါပေမယ့် ထိုအရာက ဟုတ်မနေခဲ့။ ယန်ယန်းအပေါ် အားနာစိတ်၊ သနားစိတ်သာ ရှိသည်။ ယန်ယန်းက သူ့အပေါ် အရင်နှစ်တွေတုန်းက တကယ် သည်းခံခဲ့တာ။
ရှောင်းကျန့် သဘောအတိုင်းသာဖြစ်ကာ ရှောင်းကျန့် ဂရုမစိုက်မှုတွေကိုလဲ သူမ သည်းခံခဲ့သည်။ မေမေ့၏ ပြောဆိုမှုတွေ၊ ဖိနှိပ်မှုတွေကိုလဲ သည်းခံခဲ့သည်။ ဘွဲ့တောင် အဝေးမှာ ယူပေးသည်အထိ သူတို့ သားအမိအပေါ် ယန်ယန်းက သည်းခံခဲ့တာ။ သူမနဲ့တွဲတော့ ရှောင်းကျန့် အသက်က ငယ်သေး၏။ အချစ်နဲ့ စိတ်ကစားတာကို မခွဲခြားတတ်သေး။ သနားတာလား၊ ချစ်တာလား သူ ဝေခွဲမရခဲ့ဘူး။
တစ်ကယ် ပြတ်သွားတော့ ရှောင်းကျန့် အားနာမှုတွေနဲ့ ကျန်ခဲ့သည်။ သူမအပေါ် သနားမှုတွေနဲ့ ကျန်ခဲ့သည်။ ထိုစိတ်တွေကြောင့် သူမအပေါ် လိပ်ပြာမလုံပဲ ပြန်ပေးဆပ်ချင်နေခဲ့တာကို သူ အချစ်လို့ ထင်နေမိပြီး ရိပေါ်ကို နာကျင်အောင် လုပ်ခဲ့မိသည်။
တစ်ကယ်တော့ ရှောင်းကျန့်ချစ်တာ ဝမ်ရိပေါ်ပဲ။ အနွံတာ ခံတာချင်းအတူတူ ရိပေါ်ကို လက်လွှတ်လိုက်ရတာ သေချာပြီဟု သူ သိလိုက်သည့်အချိန်မှာ သူ နောင်တတွေ တပွေ့တပိုက်နဲ့အပြင် နောက်ကျသွားပြီ။ ဘယ်လောက်ထိလဲဆို မကို သူ စေ့စပ်ဖို့ သဘောတူမိသည်အထိ။
*မောင့်.! မောင့်.!*
မ၏ ခေါ်သံကြားမှပင် ရှောင်းကျန့် အသိဝင်လာ၏။
*ပြောလေ*
*ဘာစားမှာလဲလို့ မောင့်ကို မေးနေတာလေ။ မနက်စာ စားပြီးရင် ကုမ္ပဏီမှာ အစည်းအဝေး ရှိသေးတယ်မလား။ တစ်ခုခု စားအုံးလေ*