*သက်သာလား ဟိတ်ကောင်.! ဘယ်လိုနေသေးလဲ*
အဖျားတွေကြီးကာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသော ရိပေါ်ကြောင့် လီရှန်းနဲ့ ကျဲ့ရန်မှာ ပြာယာခတ်နေသည်။ အန်တီတို့က မရှိတဲ့အပြင် သူတို့ကလဲ ဘာမှမလုပ်တတ်၍ ပိုဆိုးသည်။ ရိပေါ်ကလဲ သူတို့မေးတာကိုတောင် ပြန်မဖြေန်ုင်တော့ချေ။
ဒါတောင် ရှောင်းကျန့်ဖုန်းဆက်လို့ သူတို့သိရတာ။
*ဆေးခန်းသွားတာ ကောင်းမယ်ဟျောင့်.! ငါ့ကားပါတယ်.!*
*အေးအေး*
သူငယ်ချင်းနှစ်ယောက်မှာ ရိပေါ်၏ ခန္ဓာကိုယ်ကို နှစ်ယောက်ပွေ့ချီမကာ သူတို့ကားထဲ ထည့်လိုက်သည်။ ကျဲ့ရန်က ကားမောင်းသူ နေရာမှာ နေပြီး လီရှန်းက ရိပေါ်ကို ဖေးမ ထားသည်။
*ဘယ်ဆေးခန်းသွားမလဲ*
ကျဲ့ရန်၏ ကားလေးက အရှိန်နဲ့ပြေးနေရင်း လီရှန်းကို လှည့်မေးလိုက်ခြင်းပင်။ လီရှန်းသည် ရိပေါ်၏ နဖူးအား တစ်သျှူးစဖြင့် ကပ်ထားရင်း လမ်းမကိုကြည့်ကာ မြင်နေရသည့် ဆေးခန်းကို မျက်စပစ်ပြလိုက်သည်။
*နီးတဲ့ဆေးခန်းပဲ ဝင်လိုက်*
ကားလေးသည် ဆေးခန်းရှေ့တွင် ရပ်သွားပြီး ကျဲ့ရန်က အမြန်ပြေးဆင်းလာကာ ရိပေါ်ကို တွဲကူသည်။ နှစ်ယောက်သား ရိပေါ်ကို တွဲရင်း ဆေးခန်းဆီ ဝင်လာခဲ့၏။
*ဆရာဝန်ရှိလားခင်ဗျ..လူနာက အရမ်းအဖျားကြီးနေလို့ပါ*
*ရှိပါတယ်နော်.! ကြွပါရှင့်*
ဆရာမလေးသည် သူတို့အား ဆေးခန်းတွင်း ဝင်စေပြီး ကုတင်ပေါ်တွင် ရိပေါ်ကို တင်ခိုင်းကာ သူမက ဆရာဝန်ကို ပြေးခေါ်ပေါ်ပုံရသည်။ ရိပေါ်သည် ဘယ်လောက်တောင်အဖျားကြီးနေသလဲဆို နှုတ်ခမ်းတွေက ခြောက်သွေ့နေကာ ကိုယ်အပူတွေက တဟပ်ဟပ်ဖြင့် ရှိနေ၏။
*ဒေါက်တာ လာပါပြီ*
*ဟင်.!*
သူတို့ဝင်လာသော ဆရာဝန်ကို ကြည့်လိုက်၏။ ဟိုတစ်ခေါက်က မောလ်မှာ သူတို့တွေ့ခဲ့သည့် ဆရာဝန်ပင်။ ပြီးတော့ ထိုဆရာဝန်ကလဲ သူတို့ကို မှတ်မိပုံရကာ ခေါင်းလေးဆက်ပြပြီး ရိပေါ်ကို စမ်းသပ်၏။ ဆရာဝန်ကိုယ်တိုင်ကလဲ ပြယာခတ်နေကာ ဆရာမလေးကို တစ်ခုခုသွားယူခိုင်းပုံရသည်။