*32*

4.3K 423 49
                                    

*ကျွန်တော် ပြောစရာရှိတယ်*

ဆိတ်ငြိမ်ကာ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် အပ်ကျသံပင် မကြားရပါ။ ရှောင်းကျန့် မျက်နှာပေါ်က လေးနက်မှုတွေအား သူမ တွေ့မြင်စေရန် ရှောင်းကျန့်ပိုပြီး မျက်နှာကို တည်ထားလိုက်မိ၏။

*ဘာပြောစရာရှိလို့ ဒီလောက်တိတ်ဆိတ်တဲ့နေရာကို ချိန်းရတာလဲ*

*ကျွန်တော်ပြောမှာက တကယ်အရေးကြီးလို့ပါ။ အဲ့အတွတ် မရဲ့ စိတ်ရော၊ ကိုယ်ပါနှစ်ပြီး ကျွန်တော်ပြောတာကို နားထောင်စေချင်ပါတယ်*

ယန်ယန်းက ခေါင်းညိတ်၏။ ရှောင်းကျန့်အတွတ် ယန်ယန်းဆိုတာ အပြစ်ပြောစရာ မရှိသော မိန်းကလေးဖြစ်သည်။ သူ အရင်ကပြောခဲ့တဲ့ သူ့ ပုံစံနဲ့ ကိုက်ညီသည်။ ပညာတတ်သည်၊ ချောသည်၊ လှသည်။ တည်ငြိမ်၏။ ပြီးတော့ အရာရာကို မိန်းကလေးတန်မဲ့ ဦးဆောင်နိုင်စွမ်းလဲ ရှိသည်။

ဒါပေမယ့် ထိုလိုမိန်းကလေးကို ရင်မခုန်တာက သူ့အတွတ် အရမ်းထူးဆန်းနေလေသည်။

*မနဲ့ စေ့စပ်ပွဲကို ကျွန်တော်ဖျက်သိမ်းချင်ပါတယ်*

*ဒါက...*

ယန်ယန်းက စကားဆက်ပြောမည်အပြု ရှောင်းကျန့်က လက်ကာကာ ခနလေးနေအုံးဆိုသည့် သဘောနှင့်။ သူမ တိတ်တဆိတ် နေပေးလိုက်တော့ ရှောင်းကျန့်က စကားဆက်လာသည်။

*ကျွန်တော် မအပေါ်မှာ အရင်က ချစ်ခဲ့တယ်။ ကျွန်တော့်ဆယ်ကျော်သက်အရွယ်က ရင်ခုန်သံကို ကျွန်တော် အစစ်အမှန်လို့ ထင်ခဲ့တယ်။ ပြီးတော့ လူပျိုဖော်ဝင်စအချိန်မှာ ကျွန်တော် မရဲ့အလှတွေ၊ မရဲ့အပြုအစုတွေကြားမှာ တကယ်နစ်မြောခဲ့ပြိး မအပေါ် ကျွန်တော်အရယူခဲ့မိတယ်။ ပြီးတော့ မေမေက သဘောမတူနိုင်ဘူးလို့ပြောပြီး မ အပေါ်ကို လွန်လွန်ကျူးကျူး ဆက်ဆံပြီး ထွက်သွားခိုင်းခဲ့တယ်။ ဒီတစ်လျှောက်လုံး မက ကျွန်တော့်အပေါ် အမြဲသည်းခံ၊ အနွံတာ ခံခဲ့တယ်*

ရှောင်းကျန့်က ခနရပ်ကာ ယန်ယန်း၏ မျက်နှာအခြေအနေကို ကြည့်သည်။

*အဲ့အတွတ် မအပေါ် ကျွန်တော့်မှာ အပြစ်မကင်းသလို မ ထွက်သွားတဲ့အချိန်မှာ ခံစားခဲ့ရတယ်။ တကယ်လဲ မအပေါ်ကို ကျွန်တော် ပေးဆပ်ရမှာဆိုပြီး တစ်ချိန်လုံး တွေးနေခဲ့တယ်။ ကျွန်တော် သစ္စာရှိဖို့လဲ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဆီကို တစ်စုံတစ်ယောက် ရောက်လာတဲ့အချိန်မှာ သစ္စာတရားကို အရင်ချိုးဖောက်မိတယ်*

In a Relationship with Red Flag Guy.!Where stories live. Discover now