*4*

3.6K 452 73
                                    

ဒင်နာပွဲဟုသာ ဆိုပေမယ့် တကယ့်တစ်ကယ်တော့ ရှောင်းကျန့်ကို အခြားမိန်းကလေးတစ်ဦးနှင့် မိတ်ဆက်ပေးခြင်းသာ။ ရှောင်းကျန့် သဘောမကျမှန်း သိသိရဲ့နဲ့ပင် မေမေသည် အမြဲထိုလိုလုပ်ရပ်ကို လုပ်လေ့ရှိ၏။

ဒါပေမယ့် ရှောင်းကျန့်မှာ ပြန်ပြောနိုင်ရန် အခွင့်အရေးမရှိ၊ အင်အားမရှိ။

*ကလေးတွေအချင်းချင်း စကားသွားပြောချင် သွားပြောကြလေ။ မေမေတို့ အလုပ်ကိစ္စ ပြောလိုက်အုံးမယ်*

မေမေသည် ရှောင်းကျန့်ကို ထိုမိန်းကလေးနှင့် စေလွှတ်၏။ လူကြီးလူကောင်းပီသစွာ ရှောင်းကျန့် ခေါင်းသာ ညိတ်လိုက်ပါ၏။ ထိုမိန်းကလေးသည်လဲ ရှောင်းကျန့်နောက်က လိုက်ပါလာ၏။

ရှောင်းကျန့် ထွက်လာသော နေရာသည် ထိုအဆောက်အဦ်း၏ ဝရံတာတွင်ဖြစ်သည်။

*အကို့အကြောင်းတွေ အများကြီး ကြားဖူးပါတယ်။ တော်တယ်၊ ထက်မြက်တယ်၊ စီးပွားရေးအကွက်တွေ ကြိုမြင်တယ်ဆိုပြီးလေ*

ရှောင်းကျန့် ခေါင်းသာ ညိတ်လိုက်ပြီး အပြင်ကို ကြည့်နေလိုက်သည်။ ပါးစပ်နှင့် ထုတ်မငြင်းချင်၍ အပြုအမူနဲ့သာ ရှောင်းကျန့် ငြင်းလိုက်ပါ၏။

တကယ်ပြောရလျှင် ရှောင်းကျန့်အတွတ် မကလွဲ မည်သည့်အမျိုးသမီးကိုမှ လက်တွဲဖော်အဖြစ် မသတ်မှတ်နိုင်ပေ။ မ သည်သာ ရှောင်းကျန့်၏ ရင်ဘတ်ထဲတွင် နေရာအပြည့်ရှိသည်။

ရှောင်းကျန့်ကို အစစအရာရာ နှစ်သိမ့်ပေးပြီး၊ ဘေးနားတွင် အမြဲ နေထိုင်ပေးခဲ့သူမို့ ရှောင်းကျန့် မေ့မရသည်ဆို ပိုမှန်လိမ့်မည်။ ပြီးတော့ မေမေ့၏ ပယောဂကြောင့်သာ မသည် ရှောင်းကျန့်၏ အဝေးကနေ သနားစဖွယ် ထွက်သွားခဲ့ရတာ။

*‌အကို့မှာ ကောင်မလေး ရှိလားဟင်*

*သိပ်ချစ်ရတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့တယ်။ သူ့ကို အခုထိလဲ ချစ်နေတုန်းပဲ*

*ဪ...ဟုတ်ကဲ့*

ရှောင်းကျန့်နှင့် စကားပြောနေသော ထိုမိန်းကလေးသည် တစ်ကယ်လှပါ၏။ သေးသွယ်သော ခန္ဓာကိုယ်နှင့် လှပသည့် မျက်နှာလေးရှိသည်။ သွက်လက်သည်ဟု ထင်ရပေမယ့် တကယ်တမ်းတော့ ငြိမ်၏။

In a Relationship with Red Flag Guy.!Where stories live. Discover now