*19*

4.3K 435 263
                                    

*ဘယ်သွားမှာလဲ*

ရိပေါ်ကို ကားနဲ့ခေါ်လာသူအား ရိပေါ် ခပ်ဆက်ဆက်သာ မေးလိုက်သည်။ ရိပေါ် ပြတ်မည်ဟုပို့ပြီး နောက်နေ့မနက်တွင်တော့ တွေ့ကြရအောင်ဆိုပြီး ချိန်းဆိုလာသည့် ကိုကိုပင်။ ရိပေါ်တို့ ရပ်ကွက်ထိပ်အထိ လာခေါ်ကာ ကားလေးက ဘယ်ဆိုင်မှာမှ ရပ်ဆိုင်းခြင်းမရှိဘဲ ရိပေါ် တစ်ခါသာသွားဖူးသည့် လမ်းလေးဆီဦးတည်နေသည်။

*နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်ပြောလို့ရတဲ့နေရာမှာပဲ ပြောမယ်*

ကိုကိုက လေသံမပျော့မမာဖြင့်ပြောပြီး ကားပါပင်တွက် ကားရပ်ခဲ့သည်။ ပြီးနောက် ကိုကို့ကွန်ဒိုရှေ့ ရောက်သည်နှင့် ကိုကို က ဖွင့်ပြီးဝင်သွားလေပြီ။ ရိပေါ် အနောက်ကနေ လိုက်လာပြီး ထိုင်ခုံတွင် အရင်ဝင်ထိုင်လိုက်၏။ ကိုကိုသည် တံခါးကို လော့ခ်ချကာ ပိတ်လိုက်ပြီး ရိပေါ်ရှေ့က ဆိုဖာမှာဝင်ထိုင်သည်။

မျက်နှာက မှိုင်းညှို့နေကာ ရိပေါ်ကို ကြည့်လာသည်။ ရိပေါ် ကိုကို့ကို မကြည့်ပဲ မျက်လွှာချကာသာ နေနေမိ၏။ ကိုကို့ဆီမှ သက်ပြင်းချသံနှင့်အတူ

*တကယ် အဲ့လိုလုပ်ဖို့ တွေးလိုက်ပြီလား*

ရိပေါ် ခေါင်းညိတ်လိုက်သည်။ ကိုကိုသည် ဟား ခနဲ လေမှုတ်သံနဲ့အတူပင်

*သူနဲ့ ကိုကိုက ပြတ်သွားတာ ကြာလှနေပြီ။ အဲ့တာကလဲ ကိုကို မေ့နေတာ။ ကိုကို မညာပါဘူး..ကိုကို့ကို လမ်းမခွဲပါနဲ့*

*ဟင့်အင်း..ဒီကိစ္စတွေ ပြီးသွားဖို့ဆို လမ်းခွဲမှ ရမှာ*

ရိပေါ် ထိုဆုံးဖြတ်က သေချာနေလေပြီ။ ရိပေါ် အခုလိုတွေ ခံစားနေရတာရော၊ ပင်ပန်းနေတာ တွေရောကို လွှတ်ချဖို့က ရိပေါ်တို့ လမ်းခွဲမှပင် ရမည်။ ရိပေါ် အသံမထွက်သည့် ကိုကို့ကို ကြည့်လိုက်တော့ မျက်လုံးတွေပါ ပြာသွားသလို။

ကိုကိုသည် ဒူးပေါ် လက်ထောက်ကာ မျက်နှာကို အုပ်ထားလေသည်။ နားရွက်ဖျားတွေက နီရဲနေကာ ငိုနေသည့်ပုံပင်။

ရိပေါ် ထိုခန ဘာမှမတွေးနိုင်တော့ပဲ ကိုကို့ဆီသွားကာ ကိုကို့ရှေ့ မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် ကိုကို့လက်တွေကိုဆွဲခွာကာ ကြည့်လိုက်တော့ တကယ်ပင် ကိုကိုက ငိုနေခြင်းဖြစ်သည်။

In a Relationship with Red Flag Guy.!Where stories live. Discover now