*7*

3.6K 462 58
                                    

ကျောင်းတွင် ပျံ့နေသော သတင်းတစ်ခုရှိ၏။ ထိုသတင်းသည် တရုတ်ပြည်မကြီးထဲက အကောင်ကြီးကြီး၏ သမီးတစ်ဦးဖြစ်သူ၊ ထို့အပြင် ရှောင်အင်ပါယာစုက ကျောင်းမျိုးလို နေရာတွင်တောင် ကွင်းရခဲ့သည့် သူမ၊ထိုလို ပြီးပြည့်စုံသော မိန်းကလေးသည် ထိုကျောင်းမှ ထွက်ခွာသွားရသည်ဆိုသော သတင်း။

အဲ့တာအပြင် အံ့ဩစရာကောင်းတာက သူမသည် ထိုကျောင်းတွင် အသက်ငယ်ငယ်လေးကထဲက တက်ခဲ့သည့်အလျောက် ကျောင်းမှာ အပြစ်တစ်စုံတစ်ရာတောင်မရှိခဲ့သူ ဖြစ်သည်။ အခုလို ရုတ်တရက်ကြီး ကျောင်းထွက်သွားရသည်ကို မည်သူမှနားမလည်ကြပေ။

သူမကိုယ်တိုင် လိုလိုလားလားနှင့် ထွက်သွားသည်ဟုသာ အားလုံးက သိထားကြခြင်း။ နိုင်ငံခြားမှာဘဲ ကျောင်းသွားတက်တော့မလို ကြားမိကြသေး၏။ သူမနဲ့အတူ အခြားကျောင်းသူ အချို့ပါ ထွက်သွားရခြင်းဖြစ်၏။

*ကွင်းမ ဘာလို့ကျောင်းထွက်သွားရတယ်ထင်လဲ ရိပေါ်။ မင်းကိုကို အစွမ်းတွေများလား*

ကျဲ့ရန်က ကျောင်းပေါက်ဝကနေ တရွေ့ရွေ့ ထွက်ခွာသွားသော ကွင်းမ၏ ကားကိုကြည့်ကာ မေးလိုက်သည်။ ရိပေါ်သည် ခေါင်းလေးရမ်းကာ

*ကိုကို မဖြစ်နိုင်ဘူး လုံးဝ...ကိုကိုက အဲ့လို မရက်စက်တတ်ဘူး*

*အေးလေ..ရှောင်းကျန့်က ဒီလောက်အနေအေးတာ အဲ့တာတွေ သူလုပ်တာ မဟုတ်လောက်ဘူး*

လီရှန်းကပါ ထောက်ခံ၏။ ကျဲ့ရန်ကတော့ ရှောင်းကျန့် လုပ်သည်ဟုပဲ ထင်နေမိသည်။ ရှောင်းကျန့်က အနေအေးပေမယ့် ရိပေါ်နောက် သူတို့လိုက်သွားတိုင်း တခါတခါ မြင်ရသည့် ပုံစံက သူတို့တွေ့နေကြ ရှောင်းကျန့်နဲ့ ကွဲထွက်နေသလိုပင်ဖြစ်သည်။

*ငါတို့လိုပဲ..အစက ဒီကျောင်းက အကုန်လုံး ရှောင်းကျန့်ကို ဘယ်သူမှန်း မသိကြဘူး။ အခုမှ အကုန်အံ့ဩနေကြတာ*

ကျဲ့ရန်က ရိပေါ်လက်ထဲမှ မုန့်ထုပ်ကို ဆွဲလု၏။ ရိပေါ်က ပြန်လုကာ

*ကိုကိုက တအားမိုက်တာပဲ။ တကယ် ဟိုတနေ့ကဆို တကယ့်စူပါဟီးရိုးကြီးလိုပဲ..ငါ့ဆီရောက်လာတာ*

In a Relationship with Red Flag Guy.!Where stories live. Discover now