*28*

3.7K 393 102
                                    

ရိပေါ် ရှောင်းကျန့်တို့ ကုမ္ပဏီတွင် အလုပ်စဝင်ရသည့် နေ့။ ရိပေါ် နေရသည့် နေရာက ရှောင်းကျန့်နဲ့ မှန်နံရံသာ ခြားသည့်နေရာ။ ထိုနေရာက အပြင်က အထဲကို လှမ်းကြည့်လျှင် မမြင်ရပေမယ့် အထဲကနေကြည့်လျှင် အပြင်က လှုပ်ရှားနေသမျှကို မြင်နေရသည်။

ရိပေါ်၏ ရာထူးက ရှောင်းကျန့်၏ လက်ထောက်ပင် ဖြစ်သည်။ အတွင်းရေးမှူးနှင့် PAရှိပေမယ့် ရိပေါ်ကို သပ်သပ် ခေါ်ထားသလို ဖြစ်နေ၏။ ရိပေါ်က အတွင်းရေးမှူးနဲ့အတူတူ ရှောင်းကျန့်အလုပ်တွေကို ဝင်ကူပေးရသည်။

*ရိပေါ်..ခနနေ အစည်းအဝေး စတော့မှာဆိုတော့ ဒီဖိုင်တွေကို ဘော့စ်ကို သွားပေးပေးပါနော်*

အတွင်းရေးမှူးအမက ရိပေါ်ရောက်လာသည်နှင့် သူမ သက်သာသွားလေပြီ။ အစကထဲက ထိုအမက ကိုယ်ဝန်နှင့်မို့ ရိပေါ်ကို ခေါ်ထားတာလဲ ပါသည်။ မိန်းကလေး ဖြစ်သည့်အပြင် ကိုယ်ဝန်ဆောင်ကြီးနဲ့မို့ ရိပေါ် သာသည်၊ နာသည် တွေးမနေပါ။

*ဟုတ်ကဲ့ပါ အမ*

ထိုအမပေးသည့် ဖိုင်ကို ယူပြီး ရိပေါ် တံခါးခေါက်လိုက်သည်။ အထဲက ဝင်ခဲ့ဆိုမှပင် ရိပေါ် ဝင်သွားလိုက်သည်။ ရိပေါ် အထဲရောက်တော့ သူက PAနဲ့ စကားပြောနေပုံရကာ ရိပေါ်ကို တစ်ချက်ကြည့်ပြီးမှ PAကို ပြန်လွှတ်လိုက်သည်။

*ခနနေ အစည်းအဝေးအတွတ် ဖိုင်တွေလာပို့ပေးတာပါ ဘော့စ်*

ရိပေါ် မျက်ဝန်းတွေက ရေသေလို ငြိမ်နေသည်။ စိတ်လှုပ်ရှားခြင်း၊ ဒေါသထွက်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း ကင်းနေသော မျက်နှာနှင့် ဖြစ်သည်။ ရှောင်းကျန့်က ရိပေါ်၏ ပုံစံကို ကြည့်ပြီး ခေါင်းညိတ်ကာ

*ဒီအတောအတွင်း အဆင်ပြေရဲ့လား*

*ပြေပါတယ် ဘော့စ်*

ရိပေါ်၏ စကားပြောပုံက သူဌေးနှင့် လက်အောက်ငယ်သား ဆက်ဆံပုံလိုပင် ရိုရိုသေသေ။ ရှောင်းကျန့်သည် ဝမ်ရိပေါ်၏ ပုံစံကို ကြည့်ပြီး အားမလို၊ အားမရ ဖြစ်နေသည်။

*ငါ့ကို မုန်းနေသေးလား ဝမ်ရိပေါ်*

ရိပေါ်က တစ်ချိန်လုံး မျက်လွှာချပြီး အကြည့်တွေကို ရှောင်လွှဲနေရကာနေ ထိုအခါမှ ပြန်ကြည့်၏။ ပြီးနောက် ပြုံးပြုံးလေးနှင့် ခေါင်းခါကာ

In a Relationship with Red Flag Guy.!Where stories live. Discover now