*3*

3.7K 492 73
                                    

*ဒေါ်လေး...သား ထမင်းစားတော့မယ်*

ရေစိုနေသည့် ဆံပင်တွေအား လက်ဖြင့် ခါကာ အောက်သို့ ပြေးဆင်းလာသည့် ရိပေါ်ပင်။ ဒီနေ့ ဟိုကောင်နှစ်ကောင်နဲ့ ချိန်းထားသည့်အပြင် ကိုကို သွားလေ့ရှိသည့် စာအုပ်ဆိုင်ကိုလဲ သွားရမည်။

ကိုကို ထိုစာအုပ်ဆိုင်သို့ သွားလေ့ရှိသည်ဆိုတာ ကျောင်းက သတင်းထောက် တစ်နည်းဖြစ်လဲ ကျောင်းကအကြောင်းအရာမှန်သမျှကို အပ်ကျသည်ကအစ သိသည့် ရိပေါ်တို့ အတန်းထဲက ကောင်မလေးကို ဆိုခြင်းဖြစ်၏။

ကိုကိုက ထိုစာအုပ်အဟောင်းဆိုင်တွင် ကျောင်းပိတ်တိုင်း လာလေ့ရှိကာ စာအုပ်တွေ ငှားလေ့ရှိသလို၊ တခါတလေကျလဲ ဒီအတိုင်း ပြန်သွားတတ်သည်တဲ့။

*ဒီနေ့ သားကြိုက်တဲ့ ငါးဖယ်လုံးကြော်*

ဒေါ်လေးသည် ရိပေါ်ရှေ့သို့ ပန်းကန်လာချပေးရင်း ရိပေါ်ဘေးနား ဝင်ထိုင်သည်။ ရိပေါ်သည် ပြုံးဖြီးဖြီးလေးလုပ်ကာ

*ကျေးဇူးပါခင်ဗျ*

ဒေါ်လေးသည် ရိပေါ်ဖို့ ထမင်းထည့်ပေး၏။ ရိပေါ်တွင် အဖေနှင့်အမေ မရှိတော့ချေ။ ဒေါ်လေးသည် ရိပေါ်၏ အဒေါ်အရင်း မဟုတ်ပေ။ ဦးလေးကသာ ရိပေါ်၏ ဦးလေးအရင်းဖြစ်သည်။ ဒါပေမယ့် သားသမီးမထွန်းကားသည့် ဒေါ်လေးသည် ရိပေါ်ကို သားသမီးအရင်းလိုပင် ချစ်သည်။

ရိပေါ် တက်နေသည့် ကျောင်းကိုလဲ ဒေါ်လေးကဘဲ ထားပေးကာ အစစအရာရာ လိုလေစိတ်မရှိစေရ။ ရိပေါ်၏ အဖေနဲ့အမေသည်လဲ ဒေါ်လေးတို့လင်မယားကို အိမ်တွင် ရိပေါ် ငယ်ငယ်ကထဲက ခေါ်ကာ ထားသည်။ အဲ့တာကြောင့်လဲ အနေနီးပြီး သံယောဇဉ် ရှိတာလဲ ပါပေလိမ့်မည်။

*သား သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ သွားလိုက်အုံးမယ်နော် ဒေါ်လေး*

ရိပေါ် စားတာပြီးသည်နှင့် ခုံက ထရပ်ကာ ဆိုင်ကယ်သော့ ဆွဲ၏။ ကားမစီးနိုင်၍ ဆိုင်ကယ်ကသာ ရိပေါ်၏ အဖော်မွန်ကောင်း။

*ဂရုစိုက်သွားနော် သား..အပြန်နောက်မကျနဲ့နော်*

*ဟုတ်ကဲ့*

ပန်းကန်တွေ သိမ်းဆည်းနေသည့် ဒေါ်လေးအား လက်ပြကာ ရိပေါ် အိမ်အပြင် ထွက်လာခဲ့သည်။ ဆိုင်ကယ်အား စက်နှိုးပြီးသည်နှင့် ဟိုကောင်တွေနဲ့ ချိန်းထားသည့် နေရာဆီသို့ ဦးတည်လိုက်၏။

In a Relationship with Red Flag Guy.!Where stories live. Discover now