*16*

3.6K 417 30
                                    

*အရင်ဆုံး စာအုပ်ဆိုင် သွားအုံးမယ်။ ပြီးမှ သွားကြမယ်*

*ဟုတ်*

ရိပေါ် ကိုကို့ကားပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်လိုက်လာခဲ့သည်။ ကိုကို့၏ ကားက နောက်ဆုံးပေါ်မှန်း သိသာစွာ အထဲတွင် luxury ဆန်ဆန်ရှိ၏။ ရိပေါ် အပြင်ကို ကြည့်နေရင်းမှ အကြည့်တွေသည် ကားမောင်းနေသော ကိုကို့ဆီသို့ ရောက်သွား၏။ ကိုကိုသည် လည်ပိတ်ဆွယ်တာ အညိုရောင်လေးအား pantအနက်ဖြင့် တွဲဝတ်ကာ လက်ရှည်အား အနည်းငယ်ဆွဲတင်ထားလေသည်။

နာရီအညိုရောင်လေးကပါ သွေးကြောတွေ ယှက်ဖြာနေသော ကိုကို့လက်ပေါ်တွင် လှလှပပ။ ဆံပင်တိုစိပ်စိပ်လေးတွေအား ဘေးမကျတကျ ဖြီးသင်ထားး၍ ဆံပင်စအနည်းငယ်က နဖူးပြင်ကျယ်ကျယ်ပေါ် ပြန်ကျနေလေသည်။ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ကိုကိုက သေချာကြည့်လေ ချောလေဖြစ်၏။

ရိပေါ် ဖုန်းထုတ်လိုက်ကာ ကိုကို့ကို ဓာတ်ပုံရိုက်လိုက်သည်။ ကိုကိုသည် ရိပေါ်ကို ကြည့်လာကာ ဘာလဲဆိုသည့်ဟဘောနှင့် မျက်ခုံးပင့်ပြသည်။ ရိပေါ် ခေါင်းလေး ခါရမ်းပြလိုက်၏။ ကိုကို့ကို ပိုင်ဆိုင်ရတာ ရိပေါ် တကယ်ကို မယုံနိုင်သေး။ အိမ်မက်ကြီးတစ်ခုလိုပင် ခံစားနေရဆဲဖြစ်သည်။

ကိုကို့ရဲ့အနမ်းတွေ၊ ကိုကို့ရဲ့ထွေးပွေ့မှုတွေကို ရိပေါ် တကယ်ကြီး ခံစားရလိမ့်မယ်လို့ ထင်တောင်မထင်ထားမိခဲ့။ အိမ်မက်အနေနဲ့သာ အသက်သွင်းခဲ့ရတာ။ ဒါပေမယ့် အခုတော့ လက်တွေ့ ရိပေါ်ဘဝတွင် ခံစားရလေပြီ။

*ဘာစားချင်လဲ..ကိုယ် စာအုပ်ရွေးနေတုန်း စားချင်တာရှိရင် သွားဝယ်လာခဲ့နော်*

ရိပေါ်ကို ပိုက်ဆံအချို့ ထုတ်ပေးကာ ကိုကိုသည် ကားပေါ်က ဆင်းလိုက်၏။ ရိပေါ်လဲ ခပ်မြန်မြန်လိုက်ဆင်းကာ ကိုကို အထဲဝင်သွားသည်နှင့် ရိပေါ် အနီးအနားမှာ ရှိသည့်ဆိုင်က ကော်ဖီအေးတစ်ခွက်ဝယ်ပြီး ကိတ်ရယ်၊ ကော်ဖီနောက်ထပ်နှစ်ခွက်ရယ် ဝယ်လိုက်၏။

ကိုကို့အိမ်မှာ သွားနေမှာမို့ ဟိုမှာချက်ပြုတ်စားသောက်ဖို့ဆိုတာ မဖြစ်နိုင်။ အခြားအတွဲတွေလို ချက်ပြုတ်ကာ စားချင်ပေမယ့် ရိပေါ်မှာ မချက်တတ်။ ရိပေါ် ပီဇာကိုပါ ဝယ်ခဲ့လိုက်ပြီး မုန့်ထုပ်တွေဆွဲကာ စာအုပ်ဆိုင်ထဲ ပြန်ဝင်လာခဲ့သည်။

In a Relationship with Red Flag Guy.!Where stories live. Discover now