*သား...ဒီနေ့ မသွားဘူးလား*
ရှောင်မားမားသည် ဘာပြင်ဆင်မှုမှမရှိပဲ မှိုင်ထွေထွေကြီး ဖြစ်နေသည့် သားကိုကြည့်ကာ မေးလိုက်ခြင်း။ဒီလက်ထပ်ပွဲကို သားကို မဖိတ်ပဲ နေမှာတော့ မဟုတ်ချေ။ အရင်ကဆို ထိုလိုပွဲတွေရှိတိုင်း အချိန်အတိအကျနဲ့ သားက အမြဲ အဆင်သင့်ဖြစ်နေတတ်တာ။
ဒီမနက် သူမ သားအခန်းထဲ ဝင်ကြည့်ရသည်အထိ သားက မနေ့ကတစ်ေန့လုံး မပေါ်လာတာ။ အခုလဲ စိတ်ပျက်လက်ပျက်ပုံကြီးနဲ့ ထိုင်နေပြီး မလှုပ်မယှက်။
အမြဲပုံကျကာ သပ်ရပ်နေသည့် ဆံပင်တွေက ရှုပ်ပွနေသည်။ အင်္ကျီတွေကအစ အရောင်တွေ မှိုင်းနေတာမျိုး။ အခန်းကလဲ မှောင်မဲနေကာ လင်းလင်းရှင်းရှင်း မရှိချေ။ လိုက်ကာစတွေကိုလဲ ပိတ်ထားတော့ ပိုဆိုးသည်။
*သားရယ်..ဘယ်လိုတွေတောင် ဖြစ်နေတာလဲ*
သူမ ပြောပြောဆိုဆိုနှင့် အခန်းထဲဝင်ကာ လိုက်ကာစတွေကို ဖယ်ရှားပစ်သည်။ ခေါင်းငိုက်စိုက်ကျနေသူက သူမကို မော့ပင်ကြည့်မလာ။ သူမ သက်ပြင်းငွေ့ငွေ့ချ၍ သားအနား ဝင်ထိုင်လိုက်သည်။
*ဘာတွေ စိတ်ညစ်နေတာလဲ သား။ မေမေ့ကို အကုန်ရင်ဖွင့်လို့ ရပြီ။ အရင်က မေမေ မဟုတ်တော့တာ သားသိပါတယ်။ အခုက မေမေက သားရဲ့အရင်းနှီးဆုံး လူအဖြစ် နေပေးသွားမှာ*
သားက ခေါင်းခါသည်။ ဒူးနှစ်ဖက်အပေါ် လက်တွေကို တင်ထားပြီး လက်တွေကြားထဲကနေ ခေါင်းကို မတ်မလာခဲ့တာ။ သားက မပြောချင်ဘူးဆိုလျှင် ဘာ်လိုနည်းနဲ့မှမေးလို့ရမှာ မဟုတ်မှန်း သူမ နားလည်လိုက်သည်။
*သားမပြောချင်ရင် မေမေ မမေးတော့ဘူး။ သား အဆင်သင့်ဖြစ်ရင် မေမေ့ကို အမြဲတမ်း၊ အချိန်မရွေး ရင်လာဖွင့်လို့ရတယ်*
သူမ သားပုခုံးကို ပုတ်ကာ ထွက်လာခဲ့၏။ သူမ တံခါးနားအရောက် သားဆီမှ ခေါ်သံကို သူမ ကြားလိုက်ရ၍ ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။
*တောင်းဆိုစရာရှိတယ်*
*ဘာတောင်းဆိုမှာလဲ မေမေ့သားက*
သားက သူမဆီ မော့ကြည့်လာသည်။ ရဲတွတ်ကာ နီနေသော မျက်ဝန်းအိမ်တွေက ငိုထားမှန်း သိသာသည်။ မျက်ကွင်းညိုတွေက အိပ်ရေးပျက်ထားမှန်း သက်သေခံသည်။ ချက်ချင်း ညှင်းသိုးသိုး ဖြစ်သွားသည့်ပုံစံက အရင်က သူမသား မဟုတ်တော့သလို။
![](https://img.wattpad.com/cover/349133263-288-k562822.jpg)