*35*

4.1K 413 52
                                    

သီးသန့်ဆန်ဆန် ကော်ဖီဆိုင်အတွင်းတွင် မျက်နှာချင်းဆိုင်ကာ ထိုင်နေကြသူ နှစ်ဦး။

*မောင်နဲ့ ဝေးဝေးမှာ နေပေးပါ။ ဖြစ်နိုင်ရင် ကုမ္ပဏီက ထွက်သွားပေးပါ*

ယန်ယန်းသည် ရှေ့တွင်ရှိနေသော ရိပေါ်ကို စိုက်ကြည့်ကာ ပြောလိုက်၏။ ရိပေါ်၏ မျက်နှာသည် ဘာမှပြောင်းလဲသွားခြင်း မရှိပါဘဲ သူမကို ပြန်လည်ကြည့်လာခဲ့သည်။

*ကျွန်တော့် တက်လမ်းအတွတ် ကျွန်တော် အလုပ်လုပ်နေတာပါ ယန်ယန်း။ အဲ့အတွတ် ထွက်မသွားပေးနိုင်ပါဘူး*

*မင်း..!*

ယန်းယန်း၏ မျက်နှာသည် ဒေါသကြောင့် ခက်ထန်သွား၏။ သူမ ဝမ်ရိပေါ်ကို အခုလို လာပြောတယ်ဆိုတာ မောင် မသိပေ။ မောင် သိလို့လဲ မရ။ မောင်က သူမနဲ့ ဇာတ်လမ်းဖြတ်ပြီးပြီမို့ သူမမှာ အခုလို လာပြောပိုင်ခွင့်တွေ မရှိတော့ဘူး။

ဒါပေမယ့် သူမသာ မောင့်အနား မရှိရရင် ဝမ်ရိပေါ်ကိုလဲ တည်ရှိမနေစေချင်။ သူမ ထွက်သွားရသလို၊ဝမ်ရိပေါ်ကိုလဲ မောင့်အနားက ဆွဲထုတ်သွားရမှာပဲ။

*ခင်ဗျား သိအောင်ပြောလိုက်အုံးမယ် ယန်ယန်း။ရှောင်းကျန့်ဘက်က ကျွန်တော့်ဆီ ‌ပြန်လာရင်တောင် ကျွန်တော်က ဘယ်တော့မှ လက်ခံတော့မှာ မဟုတ်ဘူး*

*မင်းဘက်က လက်ခံခံမခံခံ ငါက မောင့်အနားမှာကို မင်းကို မရှိစေချင်တာ။ ငါ့ခံစားချက်ကို နားလည်မယ် ထင်ပါတယ်..ပြီးတော့ မောင်ကလဲ မင်းဆီ ပြန်လာမှာမဟုတ်ဘူး။ မောင့်ဆီမှာ ငါရှိတယ်*

ရိပေါ်က ရယ်၏။ ရိပေါ် ရယ်လိုက်တာကြောင့် သူမ၏ အကြည့်တွေက ပိုခက်ထန်သွားကာ

*မင်း ဘာရယ်တာလဲ ဝမ်ရိပေါ်*

ရိပေါ်ကို လက်ကာပြကာ စိတ်လိုလက်ရ ရယ်လိုက်ပြီး

*ငါ့ခံစားချက်ကို နားလည်ပါ ဟုတ်လား။ အဲ့တာ ကျွန်တော်ပြောရမှာ မဟုတ်ဘူးလား နေရာလွဲနေသလားလို့လေ*

သူမက နားမလည်သလို ရိပေါ်ကို ကြည့်၏။ ရိပေါ်၏ မျက်ဝန်းတွေသည် အေးစက်သွားသည် မျက်နှာသည်လဲ တည်သွား၏။

In a Relationship with Red Flag Guy.!Where stories live. Discover now