*21*

3.4K 386 126
                                    

ဒီနေ့သည် ခြောက်လပြည့်ဖြစ်၏။ ရိပေါ်နဲ့ ကိုကို ဒိတ်မည်ဟု တွေးထားပေမယ့် ကျောင်းဖွင့်နေ၍ ဒိတ်လို့မရပေ။ တကာ်တမ်းပြောရလျှင် ရိပေါ်တို့ ဒိတ်သည်ဆိုတာ ကိုကို့တိုက်ခန်းတွင်သာ ဖြစ်သည်။ ဘယ်သူမှ မရှိပဲ ရိပေါ်တို့နှစ်ယောက်တည်းသာ။ နှစ်ယောက်အပြင်ထွက်ကာ မုန့်စားသည်ဆိုတာကလဲ ရှားရှားပါးပါး တစ်ခါသာ ရှိခဲ့သည်။ ထိုတစ်ကြိမ်ကလဲ ရိပေါ် မရမက တောင်းဆိုခဲ့၍။

ကျန်တဲ့အချိန်တွေကတော့ တိုက်ခန်းမှာပဲ မုန့်မှာစားလိုက်၊ ဇာတ်လမ်းကြည့်လိုက် လုပ်သည်။ တခါတလေတော့ အတူနေဖြစ်ကြတာမျိုးလဲ ရှိသည်။ တကယ်ဆို တခါတလေတောင်မဟုတ်ပါ။ ရိပေါ်တို့ ခြောက်လအတောအတွင်း ရိပေါ်တို့အတူနေတာ ဆယ်ခါမက ရှိနေလေပြီ။

*ရိပေါ်.!*

အသံနဲ့အတူ ရိပေါ်ရှေ့သို့ရောက်လာသော ရိန်း။ ရိပေါ် မော့ကြည့်လိုက်ပြီး

*ရိန်း.! ဘာဖြစ်လို့လဲ*

လီရှန်းနဲ့ကျဲ့ရန်က အားကစားကွင်းခနသွား၍ ဖုန်းသုံးရင်း ကျန်ခဲ့သူက ရိပေါ်ဖြစ်သည်။ ရိန်းသည် ရိပေါ်လက်ကိုဆွဲကာ သူတို့အတန်းဆီ ဆွဲခေါ်သွားခြင်း ခံလိုက်ရ၏။ ကိုကိုကလဲ ရိန်းကို ဘာလဲဆိုသည့်သဘောဖြင့် ကြည့်နေလေသည်။ ရိပေါ်နဲ့ ကိုကို တွဲပြီးကထဲက ရိပေါ်ဟာ ကျောင်းမှာရော၊ ရိန်းရှေ့မှာပါ ကိုကိုနဲ့ အရင်လို ပူးပူးကပ်ကပ် ရင်းရင်းနှီးနှီး မနေဖြစ်တော့ပါ။

*ရိပေါ် ငါမေးတာကို အမှန်တိုင်းဖြေနော်*

*ဟုတ်*

ရိန်းက တည်ကြည်နေသော မျက်နှာအနေအထားနှင့်။ အခန်းထဲတွင်တော့ ဘယ်သူမှ ရှိမနေပါ။ အနောက်ဆုံးတွင်သာ ကောင်မလေးအချိူ့ ဖုန်းသုံးနေကြခြင်း။

*မင်းနဲ့ရှောင်းကျန့် တွဲနေကြတာမလား*

ရိပေါ် မျက်ဝန်းတွေက အနည်းငယ် ဝိုင်းစက်သွားကာ ကိုကို့ကို ကြည့်လိုက်သည်။ ကိုကိုက ရိန်းကို ကြည့်ကာ ပြီးမှ ရိပေါ်ကို ပြန်ကြည့်လာလေသည်။ ရိန်းကတော့ နှစ်ယောက်စလုံးအား အဆက်မပြတ် သံသယမကင်းသော မျက်ဝန်းတွေဖြင့် ကြည့်နေခြင်း။ 

In a Relationship with Red Flag Guy.!Where stories live. Discover now