*26*

3.5K 374 78
                                    

ရိပေါ် ရှေ့တွင် ရှိနေသူအား ရိပေါ် မမှိတ်မသုန် ကြည့်နေမိသည်။ ဆိုဖာပေါ်တွင် ကျနစွာ ထိုင်နေပြီး ခြေလဲ ချိတ်ထားသေး၏။ ရိပေါ်မှာသာ အိပ်မပျော်ထားသည့် မျက်လုံးတွေနဲ့အတူ သိသာနေသော မျက်ကွင်းညိုညိုများ။ သိသိသာသာ ပိန်ကျသွားသော ခန္ဓာကိုယ်နဲ့အတူ ဖောင်းအစ်နေသော မျက်ခွံတွေက ငိုထားမှန်း သိသာလှပါ၏။ ရိပေါ် ကိုကိုနဲ့ တွေ့ရဖို့ လွန်ခဲ့တဲ့ သုံးရက်ကထဲက ချိန်းထားပေမယ့် သူ့အမေက ဂျပန်ကပြန်လာသည်မို့ တွေ့လို့မရပါဘူးတဲ့။

အခုတွေ့တာကလဲ သူ့အမေ ခရီးတစ်ခုသွားလို့ တွေ့လို့ရသည်တဲ့။

*ဘာပြောစရာရှိသေးလဲ*

ရိပေါ် အသံကမာသည်လဲ မဟုတ်၊ ပျော့သည်လဲ မဟုတ်။ ပြတ်ပြတ်သားသားပင် ဖြစ်သည်။ ရှေ့ကလူကို မုန်းတီးနေပြီမို့ ရိပေါ်ရင်ဘတ်ထဲ ထိုလူနဲ့ ပတ်သတ်ပြီး ခံစားရတာက နင့်နင့်နဲနဲ။ မုန်းချင်လောက်အောင် ပြုလုပ်ခဲ့သည့် အပြုအမူတွေက ရိပေါ်အပေါ်ကို ရက်စက်စွာ။ အခုထိလဲ သွေးအေးစွာ နေနေတုန်းပင် ဖြစ်၏။

*ငါ တောင်းပန်ပါတယ် ရိပေါ်*

ရိပေါ် အဟက် ခနဲရယ်မိသွားသလို မျက်ရည်ကပါ တစ်ခါထဲကျ၏။ တောင်းပန်တယ်..ရိပေါ်ကို တောင်းပန်လိုက်ရုံနဲ့ ရိပေါ် ခံစားနေရတာတွေက ပျောက်သွားမှာလား။ ရိပေါ်ကို ပေးလိုက်သည့် စိတ်ဒဏ်ရာက ပျောက်သွားမှာလား။

ဒါကို တောင်းပန်ပါတယ်ဟု လွယ်လွယ် ပြောထွက်သေးသည်။

*အားနာမှု မရှိဘူးလား ဟမ်.! ကျွန်တော့်အပေါ်ကို နည်းနည်းလေးတောင် အားနာမှု မရှိဘူးလား*

ရှောင်းကျန့်က ဘာမှမပြောပဲ ငြိမ်ကာသာ ထိုင်နေသည်။ ရိပေါ် အသံက ငိုသံစွက်သည်။ မျက်ဝန်းတွေက ရဲတွတ်နေကာ အောက်နှုတ်ခမ်းပါးတွေက တဆက်ဆက်တုန်နေသည်။ သေချာကြည့်မည်ဆိုလျှင် လက်တွေတုန်နေသော ရိပေါ်ကို တွေ့ရမှာ အသေအချာပင် ဖြစ်သည်။

ထိုင်နေတာသာ မဟုတ်ခဲ့လျှင် ရိပေါ် ပြိုလဲကျသွားလောက်ပြီ။

*ခင်ဗျားကို အမြဲကြည့်နေခဲ့တာပါ။ ခင်ဗျား မျက်နှာ ညှိုးနေရင်တောင် မနေတတ်တဲ့ကောင်ပါ။ ခင်ဗျားအနားမှာနေ၊ ခင်ဗျား ထားသလို နေပြီး စောက်သုံးမကျတဲ့ ကောင်ကြီးလို နေပေးခဲ့တာပါ*

In a Relationship with Red Flag Guy.!Where stories live. Discover now