*2*

4.2K 544 57
                                    

ရိပေါ်တို့ အတန်းထဲတွင် နေသားကျလာသည်နှင့်အမျှ အားလုံးနှင့်ပင် ခင်လာခဲ့သည်။ ဒီအတန်းထဲက အပေါင်းအသင်းတွေအားလုံးက ကောင်းသည်ဟု မဆိုလိုပေမယ့် ငါးဆယ်ရာခိုင်နှုန်းကတော့ ဖော်ရွေပါ၏။ ထို့နည်းတူ ရိပေါ် သိလာခဲ့ရသည်က ကိုကိုသည် အရမ်းကို သီးခြားဆန်လွန်းကာ တစ်ယောက်ထဲသာ တွေ့ရလေ့ ရှိ၏။

စာကြည့်တိုက် သွားသည့်အချိန်တွင်သာ အတန်းအပြင် ထွက်လေ့ရှိပြီး နေ့လည်စာ စားချိန်မှာတော့ အိမ်ပြန်ပုံရ၏။ ဒါပေမယ့် ရိပေါ်ကတော့ ကိုကို စာကြည့်တိုက်သွားတိုင်း လိုက်သွားလေ့ရှိကာ ကိုကို့အနားထိုင်ပြီး စကားပြောလေ့ရှိသည်။ လီရှန်းကို ပြောသလိုလိုနှင့် သူ့အကောင့်တွေ၊ ဖုန်းနံပါတ်တွေကို ပြောပြ၏။ ထိုလို ပြောပြီးသည့်အခါတိုင်း ရိပေါ် စကားရပ်သွားသည်နှင့် ကိုကိုက ထထွက်သွားလေ့ရှိသည်။

ရိပေါ်စကားတွေကိုလဲ ကြားသည့်ပုံပင်မပေါ်ပဲ စာအုပ်ထဲတွင်သာ စိတ်ရောက်နေမှန်းသိသာ၏။ တကယ့်ကို အေးဆေး တည်ငြိမ်လွန်းကာ ပတ်ဝန်းကျင်ရှိ ဘာကိုမှ စိတ်ထဲရှိသည့်ပုံမပေါ်။

အားကစားပွဲတွေကိုတော့ ကိုကိုက ဝင်ပါလေ့ရှိသည်။ ကိုကိုက ဘတ်စကတ်ဘောအသင်းတွင် ပါ၍ ရိပေါ် အားကစားကလပ်ကို ဘတ်စကတ်ဘောအား ရွေးချယ်ခဲ့ပါ၏။ လီရှန်းက ပန်းချီကလပ်ဖြစ်ကာ၊ ကျဲ့ရန်က ဂီတအဖွဲ့ထဲပါ၏။

ဒီညနေမှာ အားကစားကလပ်ဆီ သွားကြရမည်ဖြစ်၍ ရိပေါ် တက်ကြွနေခဲ့သည်။ ဘာမှမလုပ်တတ်ပေမယ့် ကိုကို့အနား ကပ်နေလို့ရ၏။

*ရိပေါ် ငါတို့သွားပြီ*

လီရှန်းနဲ့ ကျဲ့ရန်က နှုတ်ဆက်ကာ ကလပ်ရှိရာ အခန်းဆီ သွားကြလေပြီ။ ရိပေါ်လဲ သူငယ်ချင်းနှစ်ယောက်ကို လက်ပြလိုက်ပြီး ရှေ့ကနေ ထွက်သွားပြီဖြစ်တဲ့ ကိုကို့နောက် အပြေးလိုက်ရသည်။ ကိုကို့နောက်က ကပ်လိုက်လာပြီး အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ကိုကို့ကျောပြင်ကျယ်ကြီးကို ဓာတ်ပုံလှမ်းရိုက်လိုက်သည်။ တောင့်တင်းကာ ကျယ်ပြန်သည့် ပုခုံးပြင်နှင့် ကျောပြင်ကျယ်ကြီးကအစ ရိပေါ်အတွတ် မြတ်နိုးစရာတွေပင် ဖြစ်ပါ၏။

In a Relationship with Red Flag Guy.!Where stories live. Discover now