*12*

4K 536 139
                                    

ရိပေါ်တို့ တည်းမည့်နေရာရောက်တော့ မိုးတွေအုံ့ဆိုင်းနေလေပြီ။ အကုန်လုံးက သုတ်တိသုတ်ပြာ ကားပေါ်က ဆင်းကြပြီး အဆင်သင့် ချပေးထားသည့် တန့်တွေကို ထိုးကြတော့၏။ ကားပေါ်မှာ ဘေးချင်းကပ်နေကြသူတွေက အတူတူ အိပ်ရမှာဆိုသည့် စကားကြောင့် ရိပေါ်က ကိုကိုနဲ့ကျ၏။

အခြား ကောင်လေးနဲ့ ကောင်မလေး ကျသူတွေကတော့ အချင်းချင်း ပြန်လဲကြကာ အိပ်ကြမည့်ပုံပင်။ ကိုကိုက ရွက်ဖျင်တဲကို သေချာ ချိတ်နဲ့ချိတ်နေ၍ ရိပေါ်မှာ ဘေးကနေ ဘာလုပ်ပေးရမှန်းမသိ။

ဒီတိုင်းလေး မတ်တပ်ရပ်ကာ ဟိုဟာဆွဲရမလို၊ ဒီဟာဆွဲရမလိုနဲ့ပင်။ ကိုကိုကတော့ ရိပေါ်ကို ဘာမှမခိုဂ်းပဲ သူသာ အကုန်လုပ်သွား၏။ ပိုက်ဆံရှိ အသိုင်းအဝိုင်းကသာဆိုတယ် ကိုကို ထိုးလိုက်သည့် ရွက်ဖျင်တဲက အခြားလူတွေထက် အရင်ပြီးကာ သပ်သပ်ရပ်ရပ် နေချင်စရာလေး။

*အခင်းတွေခင်းလိုက်..ငါ့ ဒီဘက်အိတ်မှာ အခင်းတွေ၊ ခေါင်းအုံးတွေ၊ စောင်တွေပါတယ်*

*ဟုတ်*

ရိပေါ် ရွက်ဖျင်တဲထဲသို့ အခင်းတစ်ခုယူကာ အရင်ခင်းလိုက်သည်။ ပြီးနောက် မွေ့ယာပုံစံ အထူကြီးကို ခင်းလိုက်ပြီး ဆင်တူခေါင်းအုံးလေးနှစ်ခုကိုပါ ချလိုက်သည်။ စောင်ကတော့ တစ်ထည်ထဲ ဖြစ်၏။

*ရပြီ..*

ရိပေါ် အကုန်ပြီးတော့ ကိုကို့ကို ပြောလိုက်သည်။ ကိုကိုသည် ဘာမှမပြောဘဲ ရွက်ဖျင်တဲထဲဝင်ကာ အထုပ်တွေကို သေချာနေရာချသည်။

*ရပါတယ်..ကျွန်တော့်ဘာသာ လုပ်မယ်*

ရိပေါ်အထုပ်ကိုပါဆွဲပြီး ထည့်ပေး၍ ရိပေါ် ငြင်းလိုက်သည်။ ဒါပေမယ့် စူးစိုက်ကာ ကြည့်လာသည့် ကိုကို့ကြောင့် ရိပေါ်ဆွဲထားသည့် အိတ်လေးအား လွှတ်လိုက်ပါသည်။ ပြီးနောက် မိုးဖွဲလေးတွေ ကျလာ၍ အမြန်ပင် တဲထဲဝင်လိုက်သည်။

*အဲ့တာမို့ ကိုကို့ကိုပြောတာ..ကိုကြီးနဲ့ နေမှာပါဆိုတာကို*

*နင့်ကိုယ်နင် မိန်းကလေးဆိုတာလဲ သတိထားအုံး..မနေရဘူး*

ရိန်း ဂျစ်တိုက်နေသည့် ညီမဖြစ်သူကို ဂုပ်ကနေဆွဲကာ တဲထဲသို့ ထည့်လိုက်ပြီး ဇစ်ပိတ်လိုက်သည်။ ပစ္စည်းတွေကို ဝုန်းဒိုင်းကြဲမြည်အောင် ချနေပြီး နှုတ်ခမ်းက  စူထော်နေ၏။ ရိန်း လက်ပိုက်ကာ ညီမဖြစ်သူကို ကြည့်လိုက်သည်။

In a Relationship with Red Flag Guy.!Donde viven las historias. Descúbrelo ahora