*8*

3.8K 492 160
                                    

နောက်အပတ်ဆိုလျှင် ရိပေါ်တို့ကျောင်းက ခရီးလိုက်ပို့မည်ဖြစ်သည်။ ရိပေါ်တို့ အတန်းသာလျှင် သွားရမည်မို့ အားလုံးက သွားမည့်ခရီးကို ရွေးနေကြ၏။ ရိပေါ်တို့ကတော့ ဘယ်ပဲဖြစ်ဖြစ် လိုက်မည့်အဖွဲ့ထဲကသာ။

ကိုကို ဟိုကောင်မလေးနဲ့ တတွဲတွဲဖြစ်နေတာကို တွေ့နေရ၊ မြင်နေရတော့ ရင်ထဲမှာ တကယ်အဆင်မပြေဖြစ်နေ၏။ ထိုကလေးမလေးက ရိပေါ်တို့ ဂျူနီယာဆိုပေမယ့် အတန်းထဲကို အမြဲလာသည်။ ပြီးလျှင် သူ့အကိုနဲ့ ကိုကို့ကြားထဲမှာသာ ထိုင်လေ့ရှိ၏။ ကိုကိုတို့နဲ့ စကားပြောကာ ရယ်မောနေသော ကောင်မလေးက ကျောင်းက ကျောင်းသူအချို့ အားကျခံရသော မိန်းကလေးပင်။

ထိုအထဲတွင် ရိပေါ်လဲ ပါ၏။ ရိပေါ်လဲ ထိုကောင်မလေးကို သိပ်အားကျသည်။ ရိပေါ် လုပ်ယူမှ ရသည့်အရာတွေကို သူမမှာ အလွယ်တကူ ရနေ၏။

*ကြည့်မနေပါနဲ့ကွာ..တကယ် စဉ်းစားကြည့်တော့ ငါတို့မှားတာပါ။ ရှောင်းကျန့်က ဘာမှန်းသေချာမသိပဲ မင်းကို မြှောက်ပေးမိတာ*

*မေ့လိုက် သူငယ်ချင်း*

ကျဲ့ရန်နှင့် လီရှန်းက အားပေးသည်။ ရိပေါ် ခပ်သာသာလေးသာ ပြုံးပြီး အပြင်ထွက်လာ၏။ ကိုကိုသည်လဲ ရိပေါ်အနောက်ကနေ ထွက်လာကာ ပြီးလျှင် သူ ထိုင်နေကြနေရာဆီ ဦးတည်သွားခဲ့သည်။

ရိပေါ် ကိုကို့ကျောပြင်ကြီးကို ကြည့်ရင်း အတွေးတွေက နယ်လှည့်နေပြန်သည်။ ရိပေါ် ငေးကြည့်ခဲ့ရသော ကျောပြင်ကျယ်ကြီးက အခုထိလဲ ငေးကြည့်ရတုန်းပင်။ ငေးကြည့်လို့ ကောင်းဆဲပင်။

ထိုကောင်မလေးသာ ပေါ်မလာခဲ့လျှင် ကိုကိုက သူ့ကို ပိုအရေးပေးလောက်လား။ ပိုပြီး စကားတွေ ပြန်ပြောလောက်မည်လား။ ပြီးတော့ ရိပေါ်ကရော ဘာလို့ ကိုကို့ကို စိတ်ဆိုးနေရတာတဲ့လဲ။ ကိုကို သူ့ကိုနှင်ထုတ်ခဲ့တာကလဲ လက်ချိုးရေလို့ရသည်လေ။

ရိပေါ်က စကြိုက်၊ စချစ်ရသူမို့ လက်လျော့လိုက်လျှင် ရိပေါ် ကိုကို့ကို ဆုံးရှုံးသွားရမှာပေါ့။ ဟင့်အင်း ရိပေါ် လက်မလျော့နိုင်ဘူး။ ကိုကို့ကို သူ ပိုင်ဆိုင်ချင်တယ်၊ အခြားသူလက်ထဲ မပေးလိုက်ချင်ဘူး။ ဟုတ်တယ် ရိပေါ် ကိုကို့ကို သိပ်ချစ်တယ်။

In a Relationship with Red Flag Guy.!Where stories live. Discover now