*31*

4.4K 436 88
                                    

*အား...ကျွတ်..ကျွတ်*

ရိပေါ် အိပ်ယာက ထမလိုပြင်လိုက်သည်နှင့် ထိုးကိုက်လာသည့် ခေါင်းကြောင့် ပြန်လှဲနေလိုက်ရသည်။ နဖူးအား လက်ဖနောင့်ဖြင့် အသာထုကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ လိုက်ကာစ ဖြူစွတ်စွတ်တွေက နေရောင်မထိုးစေရန် ရိပေါ်အား ကာထားပေးပုံ။ ဆိုဖာကျယ်ကြီးတွေက အိပ်ခန်းထဲမှာပင် ခန့်ခန့်ညားညား တည်ရှိနေသည်။ ဒီလောက်ဆို ဒီအခန်းဟာ ရိပေါ် အခန်းမဟုတ်တာ သေချာနေလေပြီ။

သူ့ကိုယ်ပေါ်တွင်တော့ ညကထဲက အဝတ်အစားတိုင်းသာ ရှိသည်။ ဘာမှမပြောင်းလဲပေ။ ရိပေါ် ထင်သလောက်ကို ပြောရလျှင် ဒီအခန်းက ရှောင်းကျန့်ရဲ့ လူယုံ၏ အခန်းပင် ဖြစ်လိမ့်မည်။

ရိပေါ် အနည်းငယ် သက်သာသည်နှင့် ထထိုင်ကာ ခေါင်းကို ဘယ်ညာယမ်းလိုက်သည်။

*နိုးလာပြီလား*

အသံနဲ့အတူ အခန်းထဲဝင်လာသည့် သူကြောင့် ရိပေါ် မျက်ဝန်းတွေက စူးရှသွား၏ ။ ပေါ့ပေါ့ပါးပါး ရှပ်တစ်ထည်နဲ့ pantကို တွဲဝတ်ကာ ရိပေါ်ကို ရပ်ကြည့်နေသည့် သူ။ ပြီးနောက် ရိပေါ်ရှေ့သို့ လာရပ်ကာ ရိပေါ်နဖူးကို စမ်းမည်အပြု ဆက်ခနဲ ရှောင်ဖယ်ပစ်လိုက်သည်။

မျက်ခုံးတွေ ပင့်သွားသူက သက်ပြင်းငွေ့ငွေ့ချကာ ရိပေါ်နဖူးနားမှ သူ့လက်ကို အသာတကြည် ဖယ်ပေးလာသည်။

*ပြီးရင် မျက်နှာသစ်ခဲ့..ကိုယ် မနက်စာ လုပ်ထားတယ် ရိပေါ်။ အတူတူ စားကြရအောင်*

ရိပေါ်ကို ပုံမှန်အနေအထားလိုပင် စကားဆိုလာသူ။ ရိပေါ် ရယ်ချင်လာသည်။ ရှောင်းကျန့်က နည်းနည်းလေးမှကို အားနာမှုလဲ မရှိသလို၊ သူ့ကိုယ်သူ အပြစ်ကင်းသလို အနေအထားတွေနဲ့ ရိပေါ်ကို လာဆက်ဆံနေခဲ့တာ။

ရိပေါ် မျက်ဝန်းတွေကိုဝေ့ကာ ရိပေါ်ဖုန်းကို ရှာလိုက်သည်။ သို့ပေမယ့် ရိပေါ်မတွေ့။

*ငါ့ဖုန်းရော.!*

ရိပေါ်အသံက မာသည်။ ကျွန်တော်ဆိုပြီး သုံးပြစရာ အကြောင်းမရှိတော့ဘူး။ ဒီအခြေအနေက သူဌေးနဲ့ ဝန်ထမ်းအခြေအနေမဟုတ်၍။

In a Relationship with Red Flag Guy.!Where stories live. Discover now