*20*

4.9K 430 310
                                    

ရိပေါ်အိမ်သို့ ကိုကိုက ကိုယ်တိုင်လိုက်ပို့ပေး၏။ ဆေးကိုလဲ သူကိုယ်တိုင်သွားဝယ်ထားပုံရကာ ရိပေါ် အိပ်ယာနိုးသည်နှင့် တန်းခနဲ မုန့်နဲ့ဆေးနဲ့ တိုက်ပေး၏။ ရိပေါ်က ဆေးကြောက်သူမို့ ငြင်းချင်ပေမယ့် မျက်နှာတည်ဖြင့်ကြည့်ကာ နေနေသော ကိုကို့ကြောင့် ကြိတ်မှိတ်ကာ သောက်လိုက်ရသည်။

ရိပေါ် အနည်းငယ် သက်သာပြီဆိုမှ အိမ်လိုက်ပို့ပေးခြင်းပင်။ ရိပေါ်က ငြင်းချင်ပေမယ့် ကိုကိုက အပိုစကားမဆိုပဲ လိုက်ပို့မယ်ဟု ယတိပြတ်ပြောတာကြောင့် ငြင်းခွင့်မရလိုက်ပေ။

*ဆင်း ရိပေါ်...ညကျရင် အစာမာတွေစားဖို့ အဆင်မပြေလောက်ဘူး။ ရိပေါ် စားချင်တာလေးတွေ ဝယ်ခဲ့လိုက်*

*ရ..ရပါတယ် ကိုကိုရဲ့*

ကိုကိုက ခေါင်းခါကာ ရိပေါ်လက်ကိုဆွဲပြီး မောလ်ထဲ ဝင်ခဲ့၏။ အထဲရောက်မှပင် လက်ကိုလွှတ်ကာ ရိပေါ်ကြိုက်တာကို ရွေးယူစေသည်။ ရိပေါ်က အားနာ၍ ဘာမှမယူချင်ပေမယ့် ခြင်းထဲသို့ တွေ့သမျှကို ကောက်ထည့်နေသော ကိုကိုပင်။

*ကိုကို များနေပြီလေ..ဒီလောက်ဆို ရပါပြီ*

*မရပါဘူးကွာ..ဖယ် ကိုယ့်ဘာသာပဲ ဝယ်ထည့်တော့မယ်။ အိမ်ရောက်မှ ကြိုက်တာရွေးစားလိုက်*

ကိုကိုသည် ရိပေါ်လက်ထဲမှ ခြင်းကိုယူကာ ရှေ့ကနေ သူကချည့်ပဲ ဝယ်သွား၏။ ရိပေါ် ကိုကို့ပုံစံကို သဘောကျလွန်းစွာ အနောက်ကနေ ဓာတ်ပုံရိုက်ယူထားလိုက်သည်။ ရိပေါ်အတွတ် ဈေးဝယ်ပေးနေသော ကိုကိုက ဒီလောက်ထိ ခန့်ညားနေတာကြီးကျ လွန်လွန်းပါ၏။

*ရပြီ..ပိုက်ဆံရှင်းခဲ့မယ်။ ကားထဲက သွားစောင့်နေလိုက်နော်*

ရိပေါ် နဖူးပေါ်မှ တစွန်းတစ်စ ကျနေသော ဆံပင်လေးတွေကို လက်ဖြင့်ဖယ်ရှားကာ ပြောလာသော ကိုကိုပင်။ ရိပေါ် ပြုံးကာ လက်ခံလိုက်ပြီး ကားပါကင်ဆီ ပြန်လာခဲ့သည်။ ကြည့်ရတာ လမ်းလျှောက်ရတာ အဆင်မပြေသည့် ရိပေါ်ကို ကိုကိုက သတိထားမိပုံရပါ၏။

*သုံးသိန်းခွဲ ကျပါတယ်ရှင့်*

ဆိုင်ဝန်ထမ်း ကောင်မလေးက ဘေလ်စာရွက်အား ရှောင်းကျန့်ဆီ လှမ်းပေးကာ ဆိုလာခြင်း။ ရှောင်းကျန့် သု့အိတ်ထဲမှ ကဒ်ကိုထုတ်ကာ ကောင်မလေးကိုပေးလိုက်ပြီး ငွေချေလိုက်သည်။ ပြီးနောက် အထုပ်တွေဆွဲပြီး ရိပေါ်ရှိရာဆီသို့။

In a Relationship with Red Flag Guy.!Where stories live. Discover now