*17*

3.5K 456 92
                                    

Online က မှာတာမို့ လေးပတ်မြောက်မှာ ဖိနပ်ဘူးလေးက ရိပေါ်လက်ထဲသို့ ရောက်လာလေပြီ။ ရိပေါ် ဖိနပ်ဘူးလေး ယူလာပြီး တက်ကြွနေလေသည်။ ကိုကို့ခြေထောက်လေးနဲ့ဆို အရမ်းလိုက်နေမှာကို မြင်ယောင်မိတော့ ရင်တွေပါ ခုန်လာသလိုလို။ တစ်စုံတစ်ယောက်အတွတ် သာသည်၊ နာသည်ထည့်တွက်မှုမရှိဘဲ ဖြည့်ဆည်းပေးရတာဟာ ထိုမျှလောက်ပျော်စရာကောင်းနေပြန်သည်။ ထိုတစ်စုံတစ်ယောက်ဟာ ကိုယ်အချစ်ရဆုံးလူ ဖြစ်နေတဲ့အခါမှာ ပိုတောင်ပျော်ရပါသေး၏။

*ကိုကို*

ရိပေါ်ကို ကားအားမှီပြီး စောင့်နေသည့် ကိုကို့အား ရိပေါ်လှမ်းခေါ်ပြီး ပြေးသွားလိုက်သည်။ ကိုကိုသည် ရိပေါ်ကို ပြန်ကြည့်လာပြီး နှုတ်ခမ်းလေးတွေက ပြေပြေလေး ပြုံးသွားလေသည်။ ရိပေါ်အနားရောက်သည်နှင့် ကိုကိုက ရိပေါ်၏ ဆံပင်လေးတွေကို ခပ်ဖွဖွ ပွတ်သပ်လေသည်။

ဒီနေရာက ရိပေါ်တို့နှစ်ယောက် မကြာခန တွေ့နေကြနေရာပင် ဖြစ်၏။ လူအလာလဲ နည်းသလို၊ နေရတာကလဲ လေလေးတဖြူးဖြူးနဲ့ အဆင်ပြေတာထက်ကို ပိုလွန်းနေလေပြီ။ ရိပေါ်၏ လက်ထဲတွင်တော့ ကိုကို့ဖို့ ရိပေါ်ကိုယ်တိုင်လုပ်လာသော မုန့်ဘူးလေးလဲ ပါသေး၏။

*လက်ထဲမှာအထုပ်တွေနဲ့..ဘာတွေလဲ ရိပေါ်*

ရိပေါ်လက်ထဲမှ အထုပ်တွေကိုကြည့်ကာ ကိုကိုက ပြောလာခြင်း။ ပြီးနောက် အရှေ့ကနေ ထိုင်ခုံတွေဆီ အရင်သွားထိုင်၏။ ဘာကြောင့်ရယ်မသိ ထိုခန ရိပေါ်ရင်ထဲ အဆင်မပြေဖြစ်သွားရသည်။ အခြားအတွဲတွေသာဆို ရိပေါ်လက်ထဲက အထုပ်ကို မျှ‌သယ်ပေးလိမ့်မည်။ ကိုကိုကတော့ ထိုလိုနည်းနည်းမှပင် စိတ်ကူးရှိပုံမရပါ။

ဒါပေမယ့် ရိပေါ် ချက်ချင်းခေါင်းကိုခါလိုက်ဟည်။ ကိုကိုက အနေအေးသည်။ ဒါတွေကိုလဲ ကိုကို လုပ်တတ်မှာ၊ လုပ်ပေးရမှာကို သိမှာမဟုတ်ဘူးဆိုသည့် အတွေးကို ပြန်တွေးလိုက်ပြီး မျက်နှာကို ပြုံးထားလိုက်သည်။ ပြီးနောက် ထိုင်နေသည့် ကိုကို့အနားသွားကာ

*ကိုကို့ဖိနပ်လေး ခနချွတ်.!*

ရိပေါ်ကို ဘာလဲဆိုသည့်သဘောဖြင့် ကိုကိုက ကြည့်လာ၏။ ရိပေါ်က ချွတ်ပါဆိုသည့်သဘောနှင့်ပြောမှ ကိုကိုက ချွတ်လေသည်။ ရိပေါ်အထုပ်တွေကို ထိုင်ခုံပေါ်တင်ကာ သယ်လာသည့် ဖိနပ်ဘူးလေးအားဖွင့်ပြီး ကိုကို့ကို ဖိနပ်စီးပေးလိုက်သည်။

In a Relationship with Red Flag Guy.!जहाँ कहानियाँ रहती हैं। अभी खोजें