*33*

4.1K 424 69
                                    

ရိပေါ်သည် ရှေ့တွင် ရပ်နေသော ဟွမ်ယောင့်ကို မမှိတ်မသုန်ကြည့်နေ၏။ ဟွမ်ယောင့်၏ လက်ထဲတွင်တော့ ပန်းစည်းတစ်စည်းက ရှိနေလေသည်။ ပြီးတော့ ရိပေါ်တို့ ရှိနေသည့်နေရာက ပန်းခြံ တစ်ခုမှာ။

*ကိုကို့ကို ကျွန်တော်ပြောစရာရှိတယ်။ ဒီစကားကို ပြောဖို့ ကျွန်တော် အချိန်အကြာကြီး ယူခဲ့ရတယ်ဆိုတာ ကိုကို ကိုယ်တိုင်လဲ သိပါတယ်။ ကျွန်တော်ပြောဖို့ အရဲစွန့်ခဲ့တာ ဒီအချိန်မှ...ဘာလို့လဲဆို ကိုကို့ကို လက်မလွှတ်နိုင်တော့လို့*

ရိပေါ် ဟွမ်ယောင်ပြောမည့် စကားတွေကို နားလည်သလို ခေါင်းညိတ်လိုက်သည်ာ ပြီးတော့ ရိပေါ် မျက်နှာလေးက မတည်မပြုံးလေး ရှိနေခဲ့တာ။ ဟွမ်ယောင်က ပန်းစည်းလေးအား ရိပေါ်ဆီ ထိုးပေးလာသည်။

ရိပေါ် ပြုံးကာ လက်ခံလိုက်သည်က ပေးသူက ဟွမ်ယောင်ဖြစ်နေ၍။

*ကိုကို့ကို ကျွန်တော် သိပ်ချစ်တယ်။ ဘယ်အချိန်ကနေ ဘယ်လောက်ထိ ချစ်သလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိနိုင်တော့တဲ့အထိပဲ။ ကိုကို့ကို ကျွန်တော့်အချစ်တွေနဲ့ပဲ ရှင်သန်စေချင်တော့တယ်*

ရိပေါ်က ဟွမ်ယောင်ပြောသမျှကိုသာ နားထောင်နေသည်။ ရိပေါ် လက်ခံဖို့ အဆင်သင့်မဖြစ်သေးတာ ရိပေါ်ကိုယ်တိုင်သိသည်။

ရိပေါ် ကြားဖူးတဲ့စကားတစ်ခုရှိ၏။ လူတစ်ယောက်ကို ချစ်ရင် ယုံကြည်ရတယ်၊ ယုံကြည်မှု မရှိရင် မချစ်နဲ့တဲ့။ အမှန်တိုင်းဆို ရိပေါ် ဘယ်ယောင်္ကျား၊မိန်းမကိုမှ မယုံကြည်နိုင်တော့။

*ကိုကို့ဘက်က ကျွန်တော့်အပေါ် သဘောထားကို ကျွန်တော် ပွင့်ပွင့်လင်းလင်း သိချင်တယ်*

*အကို့ဘက်က လက်မခံနိုင်တာ မင်းလဲသိမှာပါ ဟွမ်ယောင်။ မင်းအပေါ်ကို ကိုယ် ဘယ်လိုစိတ်မှ မထားနိုင်ဘူး..ညီလေးတစ်ယောက်ကလိုကလွဲပြီးပေါ့*

ဟွမ်ယောင့်က ပြုံးသည်။ ထိုအပြုံးက လုပ်ယူထားသည့် အပြုံးမှန်း သိသာစွာ။ ခေါင်းတဆက်ဆက်ညိတ်ပြီး ရိပေါ်ကို ကြည့်လာ၏။

*ကျွန်တော့်ကို မယုံကြည်လို့ မချစ်တာဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကိုကိုသိဖို့က ကိုကိုကြုံဖူးတဲ့ လူတစ်ယောက်ကြောင့် လူအားလုံးက ဒီလိုပါဆိုပြီး မသတ်မှတ်လိုက်ပါနဲ့။ ဘာလို့လဲဆို ကျွန်တော်က ဘယ်တော့မှ လက်လျော့မှာ မဟုတ်လို့ပဲ*

In a Relationship with Red Flag Guy.!Where stories live. Discover now