*14*

4.1K 482 51
                                    

ရိပေါ်နဲ့ ကိုကို ရည်းစားဖြစ်သွားသည်ကို အရင်သိတဲ့သူတွေကတော့လီရှန်းနဲ့ ကျဲ့ရန်ပင်။ကိုကိုက ဘယ်သူ့ကိုမှ မသိစေချင်ဘူးဟု ပြောပေမယ့် သူငယ်ချင်းအရင်းကြီးတွေကိုတော့ ရိပေါ် ပြောပြဖြစ်ခဲ့သည်။ သူငယ်ချင်းတွေကတော့ ရိပေါ်အစား ဝမ်းသာသည်တဲ့။

ဒါပေမယ့် ရိပေါ်စိတ်ထဲ တစ်ခုခု လေးလံနေသလို။ ဘယ်လိုလဲ မပြောတတ်ပေမယ့် ကိုကို့ပုံစံက ရိပေါ်နဲ့ အနည်းငယ် ကွာဟနေသလို ခံစားချက်မျိုး။

*မင်းဘဲကြီး ရည်းစားစကားပြောပုံကလဲ အဆန်းနော်*

ကျဲ့ရန်က ကော်ဖီဘူးကို အမည်းငယ်မော့သောက်ရင်း စ၏။ ရိပေါ် အကြောင်းစုံကို မပြောပြပေမယ့် ကိုကိုက ဒီလိုပြောသည်ဆိုပြီး အရိပ်အမြွက်သာ ပြောပြခဲ့တာ။

တကယ်စဉ်းစားကြည့်တော့ ကိုကို သူ့ကို ရည်းစားစကားမပြောခဲ့ပေ။ ကိုယ်တို့တွဲကြရအောင်ဆိုပြီးပဲ တန်းပြောခဲ့တာ။ ရိပေါ်၏ ခံစားချက်တွေ၊ သဘောတူညီမှုတွေကို မမေးခဲ့ဘူး။ ဒါပေမယ့် ရိပေါ်ကလဲ လက်ခံမှာပဲမို့ ဒီကိစ္စကို ထူးထူးထွေထွေ ခံစားမနေခဲ့ပါ။

ရိပေါ် သိပ်ချစ်ရသည့် ကိုကို့ကို ပိုင်ဆိုင်ရတာနဲ့တင် ကံကောင်းနေပြီမို့။

*ဒါနဲ့ မနေ့က မင်းနဲ့စကားပြောနေတဲ့ ဆရာဝန်က မင်းနဲ့အသိလား*

လီရှန်းအမေးကို ရိပေါ် ခေါင်းညိတ်ပြလိုက်သည်။

*သိတယ်..ဟိုတစ်ခေါက်က မင်းတို့ကျောင်းမလာတဲ့နေ့က သိတာ*

*ရိပေါ် အစစအရာရာကို ဦးနှောက်နဲ့ အရင်တွေးပြီးမှ အရာရာကို ခံစား။ မျက်စိမှိတ်၊ နားပိတ်၊ ဦးနှောက်ကို အသုံးမချပဲ ခံစားမနေနဲ့။ ငါပြောချင်တဲ့ အဓိပ္ပာယ်ကို မင်းသိတယ်မလား*

ရိပေါ် ခေါင်းညိတ်လိုက်သည်။ ထိုအခါမှ ကျဲ့ရန်သည် တည်ကြည်သော မျက်နှာအနေအထားဖြင့် ရိပေါ်ကို ကြည့်လာပြီး

*ငါတို့ပြောနေတာက မနာလိုလို့ မဟုတ်ဘူးဆိုတာ မင်းသိဖို့အရင်‌အရေးကြီးတယ်*

*ငါ အဲ့လိုဘယ်တော့မှ မထင်ပါဘူး*

ကျဲ့ရန်သည် ခေါင်းတစ်ချက်ဆက်ကာ စကားပြန်စ၏။

In a Relationship with Red Flag Guy.!Where stories live. Discover now