*30*

3.9K 373 52
                                    

*ရိပေါ်..ဒီနေ့ ပါတီရှိတယ်နော်။ ဌာနအစုံက မန်နေဂျာတွေနဲ့ရော၊ လက်ထောက်တွေနဲ့ပါ ရိပေါ်ကို မိတ်ဆက်ပွဲ..ဘော့စ် လုပ်ပေးထားတာ*

ရိပေါ်က ဘာမှထူးဆန်းဟန် မပြပေ။ အခန်းထဲကနေ လျမ်းကြည့်နေသော ရှောင်းကျန့်မှာ ရိပေါ် ဘာပြောမလဲသာ စိတ်ဝင်စားနေ၏။

*ဟုတ်ကဲ့..ဘယ်အချိန်လဲ မသိဘူးဗျ*

*၇နာရီ ရိပေါ်..အခု ငါးနာရီရှိနေပြီပဲ။ ရုံးဆင်းလိုက်တော့လို့ ဘော့စ်က ပြောခိုင်းလိုက်တယ်*

*ဟုတ်*

ရိပေါ် ခေါင်းညိတ်ပြီးသည်နှင့် PAက ရှောင်းကျန့်ဆီ ပြန်လာသည်ကို မြင်လိုက်၏။ ရှောင်းကျန့် ခပ်တည်တည်ပင် အနီးနားတွင်ရှိနေသော ဖိုင်တစ်ခုကို လှန်ကာသာ ကြည့်နေလိုက်သည်က မူမပျက်စေရန်။

ရိပေါ် ဘယ်လို ပြောလိုက်သလဲဆိုတာ သူ သိချင်လွန်း၍ ရင်တွေပင် ခုန်နေတာ သူသာ သိသည်။

*ဘော့စ်..ရိပေါ်က ရုံးဆင်းလိုက်ပါ့မယ်တဲ့*

*အိုခေ.! ငါတို့လဲ ရုံးဆင်းမယ်*

ရှောင်းကျန့်သည် ဖိုင်ကို နေရာတကျ ပြန်ထားပြီး မတ်တပ်ရပ်တော့ သူ့PAက နားမလည်သလိုလေး လုပ်နေသည်။ ရှောင်းကျန့် မျက်ခုံးပင့်ပြကာ ဘာလဲဆိုကာမှ မဝံ့မရဲနဲ့ ပြောလာ၏။

*ခနနေရင် ×××××ကုမ္ပဏီက လက်ထောက် ယန်ယန်းနဲ့ စကားပြောရမှာပါ ဘော့စ်*

ရှောင်းကျန့်က အခုမှ သတိရသွားသလို အော် ဟုဆိုကာ သူ့ဘက်ကို ပြန်လှည့်လာပြီး မျက်ခုံးကို တစ်ချက်အသာကုပ်ခြစ်ကာ

*အဲ့တာကို cancel လိုက်တော့.! အခု ငါ အရေးတကြီး သွားဖို့လိုတယ်*

*ဟုတ်*

ရှောင်းကျန့်သည် ကုတ်ကိုပင် မယူအားပဲ အပြင်ကို ထွက်ရန်ပြင်နေသော ရိပေါ်ရှေ့ကနေ တားလိုက်သည်။ ရိပေါ်က သူ့ကို မြင်သည်နှင့် မျက်ဝန်းလေးတွေက တန်းစူးရှသွား၏။

ရှောင်းကျန့် မျက်နှာကို တည်လိုက်ကာ

*ကိုယ် အိမ်ပြန်လိုက်ပို့ပေးမယ် ရိပေါ်*

*မလိုပါဘူး..ကျေးဇူးတင်ပါတယ် ဘော့စ်*

ရှောင်းကျန့်ကို ကွေ့ဝိုက်ကာ အပြင်ကို ထွက်သွားသည့် ဝမ်ရိပေါ်။ မျက်နှာတည်လေးဖြင့် သူ တောင်းဆိုတာကို ငြင်းလိုက်သည့် ဝမ်ရိပေါ်။ ရှောင်းကျန့်အနောက်တွင်တော့ သူ့လက်ထောက်က အဆင်သင့် ရှိနေသည်။

In a Relationship with Red Flag Guy.!Where stories live. Discover now