*27*

4.1K 433 181
                                    

သုံးနှစ်ကြာပြီးနောက်.....

*ကားက လီရှန်းလာခေါ်မှာလား သားသား*

အပေါ်ထပ်က ဆင်းလာသည့် တူလေးကို ကြည့်ကာ သူမမေးလိုက်ခြင်းဖြစ်သည်။ သူမသားလေးကို ကြည့်ပြီး သူမမှာ ဂုဏ်ယူလို့မဆုံး။ အရင်ကဆို ကလေးဆန်ဆန်နဲ့ ကောင်လေးက ဒီနှစ်တွေမှာ လူကြီးတစ်ယောက်လိုပင် ဖြစ်လာခဲ့သည်။ ပြောဆိုတာတွေ၊ နေတာထိုင်တာတွေကအစ ပြောင်းလဲသွားတာ ဖြစ်သည်။

သင်တန်းတွေကိုလဲ စုံအောင်တက်ထားပြီး သူ အဆင်သင့် ဖြစ်ပြီဆိုမှ အလုပ်လျှောက်ဖို့ လုပ်၏။ ဒီနှစ်တွေမှာ သူမ သားလေးကို လက်လွှတ်လိုက်ရပြီဟု ထင်ထားခဲ့တာ။ နှစ်နှစ်နီးပါးလောက်အထိ တည်ငြိမ်သွားကာ ဘယ်သူနဲ့မှလဲ သိပ်စကားမပြောတော့သည်အထိ။ အဲ့ဒီ့နောက်ပိုင်းတွေမှ သူ လုပ်စရာရှိတာတွေကို လုပ်ပြီး သင်တန်းတွေလဲ သူ့ဘာသာ စုံစမ်းတက်တာဖြစ်သည်။

ဘွဲ့ယူသည့်နေ့က မသွားချင်ပါဘူးဟုဆို၍ သူတို့ အဝေးအနေနဲ့သာ ယူခဲ့ကြသည်။ သူမတို့ကိုတော့ တောင်းပန်ပါတယ်ဟု ထိုအချိန်က တဖွဖွ ပြောခဲ့သည်။ သူမမှာ သားလေးလိုရော၊ တူလေးလိုရော တုန်နေအောင် ချစ်ရသူမို့ အပြစ်မမြင်ပါ။

*လီရှန်းလာခေါ်မှာ ဒေါ်လေး..ရောက်ပြီထင်တယ်*

အိမ်ထဲဝင်လာသည့် လီရှန်းကိုယ်တိုင်ပင် အရင်ကနဲ့ မ‌တူတော့ချေ။ သုံးနှစ်အတွင်း ပြောင်းလဲသွားခဲ့ပြီ။ လီရှန်းကတော့ ဝန်ကြီးများရုံးမှာ အလုပ်လုပ်နေပြီး ပိတ်ရက်ဆိုတာ မရှိသလောက်ပင် ရှားသည်။ ပြီးတော့ လီရှန်းမှာ ချစ်ရသူ ရှိနေပြီဖြစ်သည်။

ကျဲ့ရန်ကတော့ နိုင်ငံခြားမှာ ဒီနှစ် သူတို့ကုမ္ပဏီ၏ လုပ်ငန်းတိုးချဲ့ဖို့ ထွက်သွားတာ ဖြစ်သည်။ ကျဲ့ရန်က အရာအားလုံး အဆင်ပြေနေပြီး ဒီနှစ်ထဲ လက်ထပ်မည်ဟု ကြားသည်။ သူငယ်ချင်းနှစ်ယောက်စလုံး၏ မိသားစုတွေက အရင်ကလို ကျပ်ကျပ်တည်းတည်းမဟုတ်ပဲ ချောင်လည်နေကြပြီ။

*သွားမယ်လေ ရိပေါ်..ပြီးပြီမလား*

*အေး.! ပြီးပြီ*

လီရှန်းအတွတ်တော့ ရိပေါ်ဟာ ဘာမှမထူးခြား။ ဒီနှစ်တွေမှာ အတူတူရှိလာခဲ့တာမို့ ရိပေါ်၏ ပုံစံက သူနေ့တိုင်း မြင်နေရသည့် ပုံစံဖြစ်သည်။ ရိပေါ် ပြောင်းလဲသွားသည်ဆိုလို့ သိပ်ကိုမာသည့် စိတ်ဓာတ်နဲ့ မချစ်တတ်တော့တာပဲ ဖြစ်သည်။ အရင်ကထက် ကြည့်ကောင်းပြီး ချောလာသည့် ရိပေါ်မှာ ကြိုက်တဲ့လူတွေပုံနေပေမယ့် ထိုကောင်က ဘယ်သူ့မှ ပြန်မကြိုက်။

In a Relationship with Red Flag Guy.!Where stories live. Discover now