*9*

4.1K 524 116
                                    

*ဒီလကုန် ဖူးခတ်ကို သွားမယ်။ ကိုကြီးရော လိုက်ခဲ့*

ဆိုဖီယာသည် ကလေးတစ်ယောက်လိုပင် ရှောင်းကျန့်လက်မောင်းတွေကို ခိုတွဲကာ လှုပ်ရမ်းနေသေး၏။ ကျောပိုးအိတ်လေးအား ဘေးတစ်စောင်းလွဲထားသောာ ရှောင်းကျန့်မှာ သူမကြောင့် ပုခုံးပေါ်ကနေ လျှောကျသွားသည့်အိတ်ကို ပြန်ပြန်ဆွဲကိုင်ထားရသေး၏။

*ရှောင်းကျန့်လား လိုက်မှာ။ အဲ့ကောင်လိုက်ရင် နင်လိုချင်နေတဲ့ အခုထွက်တဲ့ Gucci က နောက်ဆုံးပေါ် ဖိနပ်ကို အော်ဒါမှာပေးမယ်*

*ကိုကို တကယ်ပြောတာလား*

ရိန်းအား လက်ညှိုးလေးထိုးကာ ပြန်ပြောလာသည့် ဆိုဖီယာကို ရိန်းက မျက်စပစ်ပြရင်း တကယ်ပါဟု အတည်ပြုလိုက်သည်။ ရှောင်းကျန့်ကတော့ ထိုကြားထဲမဝင်ဘဲ သူ့ဘာသာ ငြိမ်နေ၏။

*ကိုကြီး လိုက်ခဲ့ပါနော်..နော်လို့*

*မလိုက်ဘူး..အော်ဒါတင်လိုက်.! ပိုက်ဆံပေးပေးမယ်*

ဆိုဖီယာမျက်နှာလေးက ဝင်းလက်သွားသည်။ ရိန်းကို မျက်ခုံးလေး ပင့်ပြကာ ဘယ်လိုလဲဆိုသည့်သဘော။

*ဒီကောင်မလေးကတော့.! *

ရိန်းသည် ဆိုဖီယာ့၏ ခေါင်းလေးအား လက်ဖြင့် လှမ်းထုသည်။ ရှောင်းကျန့်က အမြဲတမ်း အခုလိုပင် ဖြစ်သည်။ ဆိုဖီယာက သူတို့အထဲတွင် အငယ်ဆုံးဖြစ်ကာ ရှောင်းကျန့်ကိုလဲ အရမ်းချွဲ၏။

ရှောင်းကျန့်ကလဲ တစ်ဦးတည်းသော သားပီပီ ဆိုဖီယာကို ငယ်ငယ်လေးကထဲက ချစ်၏။

*ဒါဆို အော်ဒါတင်လိုက်တော့မယ်နော် ကိုကြီး*

*အင်း..ပိုက်ဆံလွှဲလိုက်မယ် အခု*

ရှောက်းကျန့်သည် သွားနေရာကနေ ခနရပ်ရာ ဖုန်းကိုထုတ်ပြီး ဆိုဖီယာဆီ့ လှမ်းပို့လိုက်၏။ ဆိုဖီယာ့ မျက်နှာလေးက ပြုံးသွားကာ ထိုငွေလွှဲစာလေးကို ssရိုက်လိုက်သည်။ ပြီးနောက် igသို့သွားကာ Story တင်လိုက်သည်။

ကိုကြီးကိုပါ mention ဖို့လဲ မမေ့။

*တော်တော်လိုက်တဲ့နှစ်ယောက်*

ရိန်းက ရှောင်းကျန့်နဲ့ ဆိုဖီယာကို ကြည့်ပြီး နှာခေါင်းရှုံကာ ထွက်သွားလေပြီ။ ရှောင်းကျန့်သည် သာမာန် ခြေလှမ်းတွေဖြင့်သာ အခန်းဆီဦးတည်ခဲ့သည်။

In a Relationship with Red Flag Guy.!Opowieści tętniące życiem. Odkryj je teraz