ep(1)

14.7K 293 9
                                    

'
🤍 𝙸𝙵 𝙸'𝙼 𝙴𝚟𝚎𝚛 𝙶𝚘𝚗𝚗𝚊 𝙵𝚊𝚕𝚕 𝙸𝚗 𝙻𝚘ve 🤍






ep(1)


Zawgyi





" ရှောင်ကျန့် ဟိုမှာ မင်းယောက်ျား လာကြိုတယ် "

ဘေးက စီနီယာ အကို ကိရစ်ရဲ့ စကားကြောင့် ရှောင်ကျန့် ကိုကိရစ် မေးဆတ်ပြရာဆီ လှမ်းကြည့်လိုက်လျှင်  တည်ကြည်တဲ့ မျက်နှာနဲ့ ကားပေါ်က ဆင်းကာ သူ့ဆီ လှမ်းကြည့်နေတဲ့ သူ့ယောက်ျားဆိုတဲ့လူ ။ ရုံးက တန်းလာသည်ထင်တယ် မနက်က ၀တ်သွားတဲ့  Suit Black နဲ့ဘဲ  ။ တည်တန်းနေတဲ့ မျက်နှာက မြင်သူတိုင်း  နှစ်ခါ ပြန်ငေးရလောက်သည် အထိ ခန့်ညားလွန်းနေသည် ။


" ဒါဆို ကျနော့်ကို ခွင့်ပြုပါအုံးနော် ကိုကိရစ် "

ရှောင်ကျန့်က ကိုကိရစ်ကို နှုတ်ဆက်ပြီး Long Coat အဖြူရောင်ကို လက်မှာ ချိတ်ရင်း ထိုလူဆီ တည့်တည့် မတ်မတ် လျှောက်လာခဲ့သည် ။


" ဘာလာလုပ်တာလဲ  "

ရှောင်ကျန့်ရဲ့ အမေးကြောင့် ရိပေါ်ရဲ့ မျက်ခုံးတွေ အပေါ်ပင့်တက်သွားရင်း

" ကိုယ် မင်းကို လာကြိုတာပေါ့ "


" ရပါတယ် ကို မှ အလုပ်မအားဘဲ ကျနော်ဟာကျနော် ပြန်လာတတ်တယ် "


ဒီစကားက ရှောင်ကျန့် စိတ်ဆိုးလို့ ပြောတယ်ဆိုတာ အသိတာကြီး  ။ ရိပေါ်က ချောင်းဟန့်က လည်ချောင်းရှင်းရင်း ရှောင်ကျန့် လက်ထဲက ဖိုင်တွဲလေးကို သူ့လက်ထဲ ပြောင်းယူလိုက်စဉ် ရှောင်ကျန့်က မျက်လုံး ပြူးလေးနဲ့ မော့ကြည့်လာတယ် ။


" မနက်က ကိစ္စ ကိုယ်တောင်းပန်ပါတယ် "

ရှောင်ကျန့်က ရိပေါ်နဲ့ မျက်လုံးချင်း မဆုံအောင် ခေါင်းကို ငုံ့ချလိုက်သည် ပြီးမှ


" အင်း ရတယ် ကျနော့်ကိစ္စက အရေးမှ မကြီးဘဲ "

ရှောင်ကျန့်ရဲ့ အသံက ငိုသံစွတ်နေသည် ။ ခေါင်းငုံထားသည်မှာ  ငိုချင်နေတာကို မနည်းထိန်းကာပုံရသည် ။


" ဘာလို့ ကိုယ့်ကို မစောင့်တာလဲ   ကိုယ်လိုက်ပို့ပေးမယ် ပြောထားတာကို "


🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now