ep(9)

3.2K 151 5
                                    

🤍 IF I 'M Ever Gonna Fall In  Love 🤍



ep(9)





ကြီးမားကျယ်ပြန့်သော မွေ့ယာထက်တွင် ရှောင်ကျန့်ဟာ ယောင်ဝင်အိုးမှာကပ်နေ​တဲ့ ဖားပျံလေးနှယ် ။ ရိပေါ်ရဲ့ လက်မောင်းကို ခေါင်းအုံးထားပြီး ရင်အုပ်ကျယ်ကျယ်မှာ မျက်နှာအပ်ထားကာ သူရဲ့လက်တွေက ထိုလူကိုဖက်ထားပြီး ခြေထောက်တွေကလည်း ထိုလူရဲ့ ပေါင်ပေါ် ပစ်တင်ထားသေးသည် ။

ညက အလိုရမ္မက် ကြီးခဲ့တာကြောင့် မနက်ရောက်သည်အထိ နှစ်ယောက်လုံး ကိုယ်မှာ အဝတ်မကပ်နိုင်ကြ ။ ဒီမနက် အရင်နိုးသူမှာ ရိပေါ်ပင် ။ သူ့မှာ ဘေးက ဖြူဖြူဖွေးဖွေး ဆရာဝန်သေးသေးလေးကို ကြည့်ပြီး အကြိမ်ရေ မရေမတွက်နိုင်အောင် နမ်းပြီးနေပြီ ။ အောက်ဆီဂျင် ပျက်နေလေးနဲ့ ငါးလေးလို ပါးစပ်လေး ဟပြီး အိပ်နေတဲ့ သည်းညှာလေးကို သူ့မှာ အသည်းတွေ ယားလိုက်တာ ဆိုတာ ။

အသားဖြူလွန်းတာကြောင့် ညတုန်းက သူလက်ချက်ကြောင့် နေရာမလပ်ရှိနေတဲ့ ကိုက်ရာတွေဟာ ခုတော့ဖြင့် ညိုမဲစွဲနေသည် ။ နိုးလာရင်တော့ ကို့ကြောင့်ဆိုပြီး လက်သေးသေးလေးနဲ့ ထုရိုက်နေမလားဘဲ ။

" ချစ်စရာလေးဗျာ "

ဘေးမှာရှိလျှက်နေတဲ့တောင် ချစ်မ၀ဖြစ်နေတဲ့ အသည်းအသက်လေးကို ဆံပင်တွေကို သပ်သင်ပေးရင်း ပါးစပ်ဟစိလေးကို ပြွတ်ကနဲ မြည်အောင် နမ်းပစ်လိုက်တော့ လွန်းလူးလာတဲ့ ခန္ဒာကိုယ်လေးဟာ အလိုမကျမှုတွေနဲ့အတူ မျက်နှာလေးကလည်း ဆူပုတ်နေသည် ။

စိတ်မရှည်တတ်တဲ့သူ ဖြစ်ပေမဲ့ သူ့ရဲ့ကော့ဆင်းနေတဲ့ မျက်တောင်ရှည်လေးတွေကို ရေတွက်ရတာတော့ အတော်ပင် သဘောခွေ့သည် ။ မှိတ်ထားတဲ့ မျက်လုံးအစုံမှာ နီရဲရဲ သွေးကြောမျှင်လေးတွေရှိတဲ့ မျက်ခွံလေးကလည်း မက်မောချင်စရာ ကောင်းလှသည် ။ နှုတ်ခမ်းပါးအောက်က မှဲ့နက်လေးကတော့ သူမြတ်နိုးဆုံး အရာပေါ့ ထိုနှုတ်ခမ်းပါးလေးကို လက်မလေးနဲ့ ခပ်ဖွဖွပွတ်ဆွဲပြီး နမ်းပစ်လိုက်သည် တကြိမ် ။ မြတ်နိုးလွန်းလို့ နောက်တခါ ထပ်နမ်းလိုက်သည် နှစ်ကြိမ် ။ သုံးကြိမ်မြောက်မှာတော့ လက်သေးသေးလေးလေးက သူ့မျက်နှာကို တွန်းထားသည်လေ ရိပေါ်မှာ အသံတောင် ထွက်ရယ်မိသည်အထိ အသည်းယားရပြန်ပြီ ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now