ep(30)

3.2K 209 44
                                    

🤍 IF  I' M Ever Gonna Fall In Love 🤍





ep(30)



ပေကျင်းမြို့ရဲ့ နာမည်ကြီး ဆေးရုံတခုမှာ ဆရာဝန်တွေ ခြေချင်းလိမ်စွာ ယောက်ယက်ခက်နေလေရဲ့ ။ အကြောင်းမှာ မွေးလူနာဟာ မွေးလမ်းကြောင်းမှာ ပြသနာ ရှိနေခြင်းကြောင့် ဖြစ်သည် ။ လူနာရှင်ရဲ့ ဆန္ဒအရ အက်ထရာစောင်း ကြိုတင် မရိုက်ခဲ့ဘူးဟူ၍လည်း သိရသည် ။ ဒါ့ကြောင့် ဒီပြသနာကို မသိရတာ ဖြစ်သည် ။ မွေးလူနာ ကိုယ်တိုင်က ဆရာဝန် တယောက် ဖြစ်သည့်အတွက်ကြောင့် ဒီကိစ္စကို သူမသိဘူးဆိုတာတော့ မဖြစ်နိုင် ဘာကြောင့်များ .... "

ရှောင်ကျန့်ရဲ့ နှုတ်ခမ်းပါးပါးလေးဟာ တဆတ်ဆတ်တုန်ယင်နေပြီး နာကျင်မှုကြောင့် ချွေးစေးတွေပါ ထွက်နေသည် ။  ဖြူဖျော့နေတဲ့ မျက်နှာလေးဟာ သွေးစုပ်ခံထားရတဲ့ လူတယောက်နှယ်

" မားမားသားလေး ဘာမှ မဖြစ်ဘူးနော် အားတင်းထား  အားတင်းထားပါ သားလေးရယ် "

ချွေးစေးတွေ ကပ်နေတဲ့ သားငယ်လေးရဲ့ လက်ကို မားမားက ဆုတ်ကိုင်ထားပြီး မျက်ရည်မကျအောင် အတင်းထိန်းချုပ်ထားတာမို့ အသံတွေပါ တုန်ယင်နေသည် ။

" မားမား  နာတယ်  အရမ်းနာတယ် "

ရှောင်ကျန့်ရဲ့ အသံလေးက တိုးဖွဖွ စကားကို မနည်းအားယူပြီး ပြောနေရသည့်ပုံ ။ ရှောင်းမားက ခေါင်းလေးကို တဆတ်ဆတ်ငြိမ့်ပြပြီး ဆံပင်လေးကိုပါ ခပ်ဖွဖွ ပုတ်ပေးနေသည် ။

သန်းခေါင်ကျော် ည 1နာရီလောက်မှာ ရှောင်ကျန့် ဗိုက်နာနေပါတယ်ဆိုပြီး ဝမ်ရိပေါ်က ဖုန်းဆက်ပြောလာသည် ။ ဆေးရုံကို သွားနှင့်မှာမို့ ဆေးရုံကိုဘဲ တခါတည်း လိုက်ခဲ့ဖို့ အကြောင်းပါပြောလာသည် ။ ရှောင်းမားလည်း ခေါင်းနပန်းကြီးပြီး ရှောင်းပါးနဲ့ဘဲ မြို့ထဲက ဆေးရုံကိုလိုက်လာခဲ့ကြသည် ။ သမီးကြီးကလည်း သူ့အမျိုးသားနဲ့ နယ်ဘက်စစ်ဆေးရေးကျနေလို့ မနက်မှ ပြောဖို့ဘဲ တွေးထားသည် ။ ဒေါ် Amela Wang က ဆေးရုံအုပ်နဲ့ စကားသွားပြောနေပြီး ရှောင်းပါးကတော့ အပြင်မှာသာ စောင့်နေသည် ။

ဝမ်ရိပေါ်က သားငယ်လေးရဲ့ စေခိုင်းချက်အရ ရေချိုးစင်ပါ်မှာ ချွတ်ထားခဲ့တဲ့ လက်ပတ်အနီးကြိုးလေးကို သွားယူပေးနေသည် ။ ခုတွင်မူကား အရေးပေါ်ခန်းထဲမှာ  ရှောင်ကျန့် ရှောင်းမားနဲ့ Nurse မလေး နှစ်ယောက်သာ ရှိနေသည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now