ep(25)

3.6K 207 11
                                    

🤍 IF  I ' M Ever Gonna Fall In Love 🤍

ep(25)

မှန်တင် စားပွဲပေါ်က အဆက်မပျက်မြည်နေသော  Alarm ကို လစ်လျူရှုရင်း ရှောင်ကျန့် ဆက်အိပ်ဖို့ ပြင်သည် ။ ဆူညံစွာ ထွက်ပေါ်နေတဲ့ Alarm သံက သူဆက်အိပ်နိုင်ဖို့ကို အတော်လေး နှောင့်ယှက်နေတာမို့ ဒေါသက ထောင်းကနဲ ထွက်လာသည်

" ရားးးး ချီးလိုမှဘဲ "

Alarm ပိတ်ဖို့ မှန်တင်ခုံပေါ်က ဖုန်းကို ဆွဲယူလိုက်တော့ ပထမဆုံး မြင်လိုက်တာက Wallpaper က ပြုံးပြနေတဲ့လူ

" ရော်  ... စိတ်မကြည်ပါဘူးဆို လာပြုံးပြနေတယ်  ဒီလူကတော့ !! "

တဆက်ထဲမှာ မြင်လိုက်ရတာက 6 နာရီ 5 မိနစ်ကို ညွန်ပြနေတဲ့ ဖုန်းနာရီ

" ချီး ! ငါအိပ်တောင် မအိပ်ရသေးဘူးလေ "

ချက်ချင်းဘဲ ခေါင်းရင်းက လိုက်ကာစကို ဆွဲဖွင့်လိုက်တော့ မှန်တံခါးမှတဆင့် မြင်နေရတာက အပြင်မှာ တော်တော်လေး လင်းနေပြီ

" လခွမ်းဘဲ ငါခုနလေးကမှ အိပ်လိုက်တာကို မိုးက လင်းသွားပြီလား "

မှန်တင်စားပွဲပေါ်က မကြာသေးခင်ကမျှ ချွတ်ထားတဲ့ မျက်မှန်အဝိုင်းလေးကို ကောက်တတ်ပြီး အိပ်ယာပေါ်က ဆင်းလိုက်တယ်

စာမေးပွဲ ရက်မို့ ညဥ့်နက်မှ အိပ်ရတဲ့ အပြင် အစောကြီးလည်း ထရသေးတယ် ။ ဟင့် ဆရာဝန် ဖြစ်ဖို့က တော်တော်လေးကို ခက်ခဲပါသည် ။

စားပွဲပေါ်မှာ ထောင်ထားတဲ့ မှန်ဘောင်ခတ်ထားတဲ့  Wedding ပုံကို မြင်ပြီး မပြုံးဘဲ မနေနိုင် ။   ဓာတ်ပုံဘောင်လေးကို ယူပြီး တစ်ရှူနဲ့ သေသေသပ်သပ်လေး သုတ်ကာ နေရာတကျ ပြန်ချထားရင်း

" ငါ့ယောကျ်ားက တကယ်ကို ချောလိုက်တာ"

ခုချိန်များတယောက်ယောက်ကို ပြုံးပြနေမလား တွေးမိတော့ သူ့နှုတ်ခမ်းလေးက ရှေ့ကို ဆူလာတယ် ။

ဒီနေ့ ကို့မေမေရဲ့  ဆိုင်ခွဲသစ်တခု ဖွင့်ပွဲမလို့ ကိုပါ ပွဲတက်နေရလေရဲ့ သူကတော့ စာမေးပွဲ ရက်မို့ မလိုက်ဖြစ်ပါ ။ စားမေးပွဲ မရှိလဲ မလိုက်ချင်ပါ  ။ ကို့မေမေနဲ့ဆို တကယ်ဘယ်မှ မသွားချင် သူ့သားကဘဲ နစ်နာသူကြီးအဖြစ် ပြောနေမဲ့ စကားတွေ လုံးဝ မကြားနိုင်ပါ ။ သူ ( မ) သား အဖိုးကြီးကိုလည်း သူများ အသက်ငယ်ငယ်လေးက ယူထားရသေးတယ် ။ ဒါကို တအားနစ်နာပြနေတာ လွန်တာပေါ့ ဟမ့် !

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now