ep(32)

3.4K 192 17
                                    

🤍 IF  I'M Ever Gonna Fall In Love 🤍




ep(32)



" သမီး ဖြေးဖြေး ဆင်းနော် လျှော်လဲမယ် "

" ဟုတ် Daddy "

ရိပေါ်က ကိုယ်လုံးပေါ် မှန်ရှေ့မှာ Necktie ကို သေချာ ချည်နေရင်း သမီးလေးကို လှည့်ကြည့်ပြီး ပြောလိုက်တော့ သမီးလေးက လိမ်မာစွာ ခေါင်းငြိမ့်လာပြီး ဂါဝန်နီလေး တဝဲဝဲနဲ့ အခန်းထဲက ထွက်သွားသည် ။

ရိပေါ်ဖွင့်ထားတဲ့ တံခါးမှ တဆင့် လှေကားရင်းကို လှမ်းကြည့်တော့ သမီးလေးက ဖြေးဖြေးမှန်မှန်သာ ဆင်းသွားသည် ။ ရိပေါ်က သူ့ရဲ့ မူပိုင်အပြုံးကို ပြုံးရင်း အပေါ်ကုတ်ကို သပ်သပ်ရပ်ရပ် ထပ်၀တ်လိုက်သည် ။

ထို့နောက်ဆီလိမ်းထားသော ဆံပင်ကို သေသေသေသပ်သပ် ဖြီးသင်လိုက်ပြီး ကားသော့ယူကာ သူသည်လည်း အောက်ထပ်ကို ဆင်းလာခဲ့သည် ။

ရိပေါ် အောက်ထပ်ရောက်တော့ သမီးလေးက မေ့မေ့ ကိုယ်ပေါ်ကနေ နွားနို့ သောက်နေပြီး နွေးက  မေ့မေ့ ခြေရင်းနားမှာ ထိုင်ကာ သမီးလေးကို စနေသည် ။  ရိပေါ်က ဆိုဖာမှာ ဝင်ထိုင်တော့ မေမေက တချက်သာ ကြည့်လာပြီး သမီးလေးကို မုန့်ဆက်ကျွေးနေသည် ။

" နွေး ညဥ်းအကိုလေးကို ကော်ဖီ သွားဖျော်ပေးလိုက်လေ "

မေမေပြောတော့ နွေးက ထရပ်လိုက်လိုက်လျှင် ရိပေါ်က လက်ကာပြလိုက်သည် ။

" မသောက်တော့ဘူး သွားတော့မှာ "

" အာ ဟုတ် အကိုလေး "

" Daddy မီးမီး ဒီနေ့ ကျောင်းမသွားချင်းဝူး "

" Why "

မေမေ့ကိုယ်ပေါ်ကနေ နှုတ်ခမ်းလေး တထော်ထော်နဲ့ ပြောလာတဲ့ သမီးလေးရဲ့ စကားကို ရိပေါ်က အော်ငေါက်ခြင်း မပြု လေသံအေးအေးလေးနဲ့သာ ပြန်မေးလိုက်တော့ သမီးလေးက စကားဆက်ဖို့ နှုတ်ခမ်းလေး ရှေ့ကို ဆူလာပြန်သည် ။

ဒီအကျင့်တွေက တစုံတယောက်ဆီက မသင်ဘဲ တတ်လာတာ

" Because Today is My Birthday So .... "

" So ... "

သူမက မေ့မေ့ကို တချက်မော့ကြည့်ပြီး  မေမေ့ ကိုယ်ပေါ်က ဆင်းလာကာ ရိပေါ်ရဲ့ နားနားကပ်ပြီး တိုးတိုးလေးပြောလာသည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now