ep(4)

3.4K 152 3
                                    

🤍 IF I 'M Ever Gonna Fall In Love 🤍


ep(4)

" ဒီညနေ အိမ်က လာကြိုမှာလား ရှောင်ကျန့် "

ဒီနေ့က သန်တန်းမှာ လက်တွေ့စမ်းသပ်မှု တခု လုပ်ရတယ် ။ အတာ အပြီး ခန နားနေချိန်တွင် ဘေးက အတန်းဖော်က ရှောင်ကျန့်ကို မေးလာတယ် ။

" ဟုတ်တယ် ကိုထေ၀ရန် အမျိုးသားက အပြန်၀င်ကြိုမယ်လို့ ပြောပါတယ် ဘာဖြစ်လို့လဲဟင် "

ရှောင်ကျန့်က အလယ်ခုံမှာ ထိုင်တာ ဘေးတဖက်ဆီမှာ ကိုကိရစ်နဲ့ ကိုထေ၀ရန်က ထိုင်တယ် ခင်တာ အတော်ကြာနေပေမဲ့ သူကတော့ နှစ်ယောက်လုံးကို တလေးတစားခေါ်နေတုန်းဘဲ ။ အတန်းထဲမှာ စကားကိုလည်း ဟော့ဟော့ရန်းရန်း ပြောတဲ့ သူမဟုတ်တဲ့ အတွက် သူငယ်ချင်းလည်း များများ စားစားမရှိဘူး ဆေးသင်တန်းတွေ စတက်ထဲက ဒီ2 ယောက်နဲ့ဘဲ အပေါင်းသင်းလုပ်တယ် ။

" အကိုတို့ ညနေ မိဘမဲ့ ကျောင်းတခုက ကလေးတွေကို အဟာရ မုန့်လေးတွေ သွားဝေမလို့လေ ကိုကိရစ်လည်း ပါမှာ အတာ ကျန့်ကိုခေါ်မလို့ "

" အာ ဟုတ်လား လိုက်ချင်တယ် ဒါမဲ့ ကို့ကို ကြိုမပြောထားမိတော့ သူရောက်လာရင် ဘယ်လိုလုပ်ရပါ့ "

" အကိုတို့လည်း ညနေမှ သွားမှာလေ ကျန့်အမျိုးသားကိုပါ လိုက်ဖို့ ခေါ်ကြည့်ပါလား "

" ဟုတ်တယ် ကျန့် ခေါ်လိုက်ပါ့လား "

ကိုထေ၀ရန်ရဲ့ စကားကို ကိုကိရစ်ကပါ ထောက်ခံပြောဆိုလာလို့ ရှောင်ကျန့်က စဥ်းစားသလို ပြုရင်း

" အွန်း ပြောကြည့်မယ်လေ "

3 ယောက်သား တိုင်ပင်ပြီးတော့ မပြီးပြတ်သေးတဲ့ အတန်းချိန်တွေ ထပ်တက်ရသေးသည် ။

ကိုကိရစ်က လူရည်သန့် ဆွေးမျိုးတခုလုံးမှာ တဦးတည်းရှိသော မြေးယောကျ်ားလေးမို့ သူ့အဖိုးအဖွားတွေကလည်း သည်းသည်းလှုပ် ချစ်ကြတယ် ။ သူကိုယ်တိုင်ကလည်း တော်ပြီး ထက်မြက်တယ် စိတ်သဘောလည်း ကောင်းတယ် နောင်တချိန်မှာ ကိုကိရစ်က နိုင်ငံကို အကျိုးပြုတဲ့ ဆရာဝန်ကောင်း တယောက် ဖြစ်လာမှာအသေချာပင်။

ကိုထေ၀ရန် သူကတော့ ဖော်ဖော် ရွေရွေ ရှိတဲ့လူ အရမ်းမချမ်းသာပေမဲ့ ပြည့်စုံတဲ့ ထဲတော့ပါသည် ။ သူ့မှာ 10 ရှိရင် 7ကျပ်ခွဲလောက်ကို လှူချင်တဲ့ လူမျိုး လူတွေကိုအရမ်း သနားတတ်တာ ။ သူစိတ်ထားကြောင့်ထင်တယ် သူ့မျက်နှာကလည်း ကြည်လင်သန့်ရှင်းပြီးကြည့်ကောင်းသည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now