ep(14)

3.2K 153 5
                                    

🤍 IF I'M Ever  Gonna Fall In Love 🤍





ep(14)






"ကို "

" ဗျာ ... "

ရှောင်ကျန့်ရဲ့ ခပ်တိုးတိုး ခေါ်သံလေးကြောင့် ရိပေါ် အနားကို အသာ ကပ်သွားမိသည် ။ ခုက သူ့ကို ရှက်နေတာလား ။ သူတို့ရဲ့ ကိုယ်ပိုင်အိမ်လေးထဲမှာ လိုအပ်တာ မှန်သမျှ ဝယ်ဖြည့်ထားပြီးပြီဖြစ်သည် ။ အရင်တခါလို အဝတ်စား မရှိမှာလည်း စိတ်မပူရတော့ဘူး ခုအိမ်ခန်းထဲမှာ ရှိနေတဲ့ တွဲလျှက်ဗီရို 2လုံးထဲမှာ 2ယောက် အ၀တ်က အပြည့်ဖြည့်ထားသည် ။

ချစ်ရသူကတော့ ရေချိုးပြီး သူ့ရဲ့ shirt အဖြူလက်ရှည်တထည်ကို သာ ဝတ်ထားသည် ။ အောက်ခံ ဘာမှဝတ်မထားတာမို့ ပေါင်လည်လောက် ဖုံးနေတဲ့ shirt အဖြူလေးက သူလေးနဲ့မှ အတော်လေး လိုက်ဖက်ပြီး လှနေသည် ။

ဘာကြောင့်များ သူ့တွက်၀ယ်ပေးထားတဲ့ အဝတ်တွေ မ၀တ်ဘဲ ကိုယ့်အိကျီကို ယူဝတ်ရပါသနည်း ။

ကုတင်ပေါ်ခြေချထိုင်နေသူရဲ့ ဘေး အသာဝင်ထိုင်ပြီး ပေါင်တံဖြူဖြူဖွေးဖွေးလေးတွေကို အသာဖျစ်ညှစ်လိုက်သည် ။ ထိုအခါ သူ့ကိုမော့ကြည့်ပြီး မချိုမချဥ်အပြုံးလေး လုပ်ပြနေသည် ။

ဘာလေးလေးဟ ဒီဆရာဝန်ပေါက်စလေးက မတွေ့ရတဲ့ ရက်တွေမှာ ပိုချစ်ဖို့ ကောင်းလာသလိုဘဲ ပါးလေးတွေကလည်း ပိုဖောင်းလာတယ် မားမားဘွိုင်းလေးက အိမ်မှာ တော်တော် အလိုလိုက်ခံရပုံရတယ်  ။


ရိပေါ် ခပ်တည်တည်နဲ့ ပြန်စိုက်ကြည့်ပေးလိုက်တော့ အရှက်သည်းစွာ မျက်နှာ အရင်လွှဲသွားတယ်


" လူကို ဘယ်လိုရီး လာကြည့်နေတာလဲ "

ရော် အသည်းယားအောင် လုပ်နေတာက ဘယ်သူပါလိမ့် ။


" လွမ်းကို ကိုယ့်ကို မလွမ်းဘူးလား ကလေးလေး " 

မေးဖျားလေးကို အသာဆွဲမော့ပြီး မေးတော့ အရှက်သည်းသူက ခေါင်းငုံ့သွားတယ်


" လွမ်းတာပေါ့ အရမ်းဘဲ ငါ့ကို မမေးတော့ဘူးလား ဘာလို့ ခင်ဗျားနဲ့ ခွဲနေလဲ ဆိုတာ "

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now