ep(3)

4.1K 181 7
                                    

🤍 IF  I'M  Ever  Gonna Fall In Love 🤍

ep(3)

မနက်ခင်းမှာ အချစ်နဲ့ အတူ နိုးထရခြင်းက သိပ်ကို ကြည်နူးစရာ ကောင်းပါတယ် ။ နှောင့်ယှက်သူတို့ မရှိဘူး ဆိုရင်ပေါ့

ဒေါက် ဒေါက်

" သားရေ .... ၀မ်ရိပေါ် "

အပြင်က တံခါးခေါက်ပြီး ခေါ်သံသည် အရင် လာခေါ်နေကျ နွေးမဟုတ်ဘဲ ကို့မေမေရဲ့ အသံသာ ဖြစ်သည် ။ ထိုခေါ်သံသည် ကိုတယောက်ထဲကို ဦးတည်နေတာမို့ ရှောင်ကျန့်ကို့ကို နှိုးပေးဖို့ ပြင်ရတော့သည် ။

နှစ်ယောက် အတူ ခြုံထားတဲ့စောင်ကို ဖယ်ခွာလိုက်ပြီး ထထိုင်လိုက်သည် ။ ပြီးတော့ ခေါင်းရင်း နဲနဲ တိုးသွားပြီး ကို့ရဲ့ဆံပင်တွေကို အရင်သက်သပ်လေးလိုက်သည် ။

အိပ်လိုက်တာမို့ ပုံပျက်သွားတဲ့ ဆံပင်ကေက ရှေ့ကို ခပ်ဝဲဝဲကျနေပြီး လူငယ်ဆန်သည် ။ ကို့ရဲ့ နဖူးပြင်ကို အမြတ်တနိုး ငုံ့နမ်းပြီး လက်မောင်းကနေ ခပ်ဖွဖွ လှုပ်နှိုးသည် ။

" ကို ... ကိုကိုရေ  ... ယောကျ်ား ~  ထပါအုံး "

ကိုက နှိုးရခက်တဲ့ သူတော့ မဟုတ်ဘူး အိပ်ချင်ယောင် မဆောင်ရင်ပေါ့ ။

" ကို ~ မနောက်နဲ့ ဗျာ ရှေ့မှာ ကို့မေမေ ခေါ်နေတာ "

" အင်း "

ကိုက အင်းတလုံး ဆိုကာ သူ့ခါးကို ဖက်သွယ်လာပြီး ပေါင်ပေါ်မှာ ခေါင်းတင်အိပ်ဖို့ ပြင်နေသည် ။

" မဆိုးနဲ့ဗျာ ကလေးလည်း မဟုတ်ဘဲ အရင်ထလိုက်ပါအုံး "

ရှောင်ကျန့်က ကို့ကို လက်မောင်းကနေ မ ထူတော့ ကိုကလည်း လေးပင်စွာ ထထိုင်လိုက်သည် ။ ရှောင်ကျန့်ကို့ ပုံစံကို ကြည့်ပြီး ခပ်တိုးတိုးရယ်သည် ။ အိပ်ရေးမ၀လို့  စိတ်ကောက်နေတဲ့ ကလေးနှယ် ကိုက သိပ်ချစ်ဖို့ ကောင်းတာဘဲ  ။

အခန်းပြင်က တံခါးခေါက်သံကလည်း အဆက်မပြတ် ထွက်ပေါ်နေလို့ ကိုက ထသွားလိုက်သည် ။

" မေမေ "

" သား အိပ်နေတုန်းလား မေမေ အားနာလိုက်တာသားရယ် "

" ရပါတယ်မေမေ  / မေမေ ကိစ္စရှိလို့လားဗျ "

Daw Amela Wang အခန်းထဲကိုတချက် ဝေ့ကြည့်လိုက်တော့ ဘယ်သူမှ မတွေ့  ။ သူ့အထင် ဟိုကောင်လေးက အိပ်နေသေးမယ်လို့ ထင်နေတာ ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now