ep(31)

3.4K 203 11
                                    

🤍 IF  I'M Ever Gonna Fall In Love 🤍



ep(31)


ရှင်းယန်းက ဆေးရုံ CCTV ရဲ့ ည 1နာရီဝန်းကျင်မှ စတဲ့ မှတ်တမ်းတချို့ကို သူကိုယ်တိုင်ဘဲ စစ်ဆေးနေတယ် ။ ဆေးရုံအရှေ့ပိုင်းက ပုံမှန်ဖြစ်နေပေမဲ့   သန်းခေါင် 3 နာရီကျော်လောက်မှာ ဆေးရုံ အနောက်ပေါက်ကနေ ခိုးဝင်တဲ့ လူတချို့ကို မှတ်တမ်းမှာ တွေ့ရတယ် ။ အားလုံးက မျက်နှာဖုံးစွပ်တွေနဲ့ ကြည့်ရတာတော့ သေချာပြင်ဆင်ပြီးမှ ခိုးဝင်ကြတဲ့ ပုံဘဲ ရှင်းယန်တို့ ရောက်တဲ့ အချိန်က သန်းခေါင် 4 နာရီကျော်မှဆိုတော့ သူတို့လှုပ်ရှားမှု ပြီးစီးသွားပုံဘဲ 5နာရီကျော် နောက်ပိုင်း မှတ်တမ်းအားလုံးက  ပျက်နေတာ တွေ့ရတယ် ။ ဒါဆို သူ့လူတွေ လာပြောတဲ့ အချိန်က ထိုလူတွေ ထွက်ပြေးသွားတဲ့ အချိန်ဘဲဖြစ်နိုင်ချေ အများဆုံး ရှိတယ် ။

CCTV ခန်းက တံခါးခေါက်သံနှင့်အတူ စစ်သား နှစ်ယောက်၀င်လာတယ်

" ပြော "

ရှင်းယန်က မှတ်တမ်းဆီမှ အကြည့်ခွာရင်း ထရပ်လိုက်သည် ။

" ဆေးရုံအနောက်ဘက် ဆရာဝန်များ နားနေဆောင် အခန်းနံပါတ် 103 မှာ ဆရာဝန်တယောက်နဲ့ Nurse တယောက် အသတ်ခံထားရတဲ့ အလောင်းတွေ တွေ့ပါတယ် ဗိုလ်ကြီး "

" ဘာ ! "

ရှင်းယန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရသည် ။ လူသေတာ သတ်တာတို့က သူတို့တွက် ထူးဆန်းနေတဲ့ စကားမဟုတ်ပေမဲ့ ဘာလိုလုပ် ဆရာဝန်နဲ့ Nurse လဲ

" ရဲတွေနဲ့ မှုခင်းဆရာဝန်တွေ ရောက်နေပါပြီ  သူတို့ဆေးချက်ယူနေပါတယ် ဗိုလ်ကြီး "

" သွားမယ် "

ရှင်းယန်းက ရှေ့ကနေ အမြန်ဘဲ ပြေးထွက်သွားသည် ။ ပါလာတဲ့ ဆေးရုံက လုံခြုံရေးကလည်း မျက်စိပျက် မျက်နှာပျက်ဖြစ်နေပြီး စစ်သားတွေ နောက်ကဘဲ လိုက်သွားလိုက်သည် ။

ရှင်းယန် ထိုနားနေဆောင် ရောက်လာတော့ ရဲ 3 ယောက်နဲ့ မှုခင်းစစ်ဆရာဝန် နှစ်ယောက်ရှိနေပြီး အလောင်းတွေကို မှတ်တမ်းရိုက်ယူနေသည် ။ ရှင်းယန်၀င်လာတာ မြင်တော့ အားလုံးက အရိုသေပေးလိုက်ကြသည် ။ ရှင်းယန်က အသိမှတ်ပြုရုံ ခေါင်းငြိမ့်ပြပြီး

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Donde viven las historias. Descúbrelo ahora