ep(20)

3.4K 188 8
                                    

🤍 IF I ' M Ever Gonna Fall In Love 🤍





ep(20)





ညနေခင်း လေစိမ်းတွေနဲ့ အတူ ကားပေါ်က လူနှစ်ဦးမှာလည်း အေးစက်စက်အနေအထားကြောင့် တိတ်ဆိတ်နေလျှက်  ။ တကယ်ဆို ဘယ်ပြောကြရမလဲ မသိတာ


" ဟို "

" မင်း "


တိတ်ဆိတ်နေတဲ့ လူနှစ်ဦးမှာ အသံထွက်လာတော့လည်း တပြိုင်နက်ထဲ ။ ရှောင်ကျန့်က မသိမသာ ခေါင်းလေးငုံ့သွားပြီး ရိပေါ်ကတော့ တချက်ရယ်လိုက်သည် ။



" မင်း အရင်ပြောပါ "


" အကို အရင်ပြောလေ "


" မဟုတ်တာ ငယ်တဲ့သူကို ဦးစားပေးရမယ်လေ "


ထိုအခါ ရှောင်ကျန့်ဟာ အကို့ကို တချက်မော့ကြည့်ပြီး သူ့ရဲ့ လှပတဲ့ မျက်နှာလေးဟာ ကားမှန်ကနေ ရှေ့လမ်းတွေဘက်လှည့်လိုက်သည် ။ ထိုနောက် သူရင်ထဲမှာ အကိုမသိဘဲ အမြဲမေးနေကျစကားလေး


" အကို ဘယ်တွေ ရောက်နေတာလဲ မတွေ့တာတောင် ကြာနေပြီ "


မထင်မှတ်ဘဲ ကြားလိုက်ရတဲ့ စကားကြောင့် ရိပေါ်ဟာ ကားမောင်းနေတဲ့ အရှိန်ကို လျော့ပစ်လိုက်သည် ။ ပြီးတော့ လမ်းမကြီးကို ငေးနေတဲ့ မျက်နှာလှလှလေးကို ကြည့်ပြီး ခပ်ရေးရေးလေး ပြုံးလိုက်တယ် ။ ထို့နောက်


" ကိုယ်နိုင်ငံခြားမှာ ဘွဲ့သွားယူနေတာ  "


" အော် "


ထိုစကားတလုံးမှ ထွက်လာတဲ့ အကောင်ပေါက်က သူ့ကို တချက်ပြုံးပြပြီး ပြန်လှည့်သွားတာမို့  လေထုက ထပ်မံ အေးစက်သွားပြန်ပြီ ။ တယောက်ကလည်း လမ်းမကြီးကို အကြောင်းပြချက်မရှိ ငေးနေပြီး တစုံတယောက်ကတော့ မျက်နှာလှလှလေးသည်သာ သူရဲ့ ငေးမောရာ ။ ပိုလို့ မက်မောမိတာက နှုတ်ခမ်းပါးအောက်မှာ ခပ်ရေးရေးပြေးနေတဲ့ မှဲ့နက်လေး 


မြတ်နိုးရပါဘိ ခင်ဗျားရယ်  ကိုယ်ဖြင့် မင်းကို သဘောကျနေတာ Star ကျောင်းရဲ့ တံခါးနားမှာ ခြေဖျားလေးထောက်ပြီး အလိုမကျမှုတွေ များနေတဲ့ မျက်နှာလေးနဲ့ ရပ်နေကတည်းက ။ ပြီးတော့ မင်းမလာတဲ့ ဟောပြောပွဲ​မှာ ခင်ဗျားမျက်နှာလေး နောက်တကြိမ် မြင်ရဖို့ ကိုယ်မျှော်ခဲ့သေးတယ်ဆို ယုံမလား ။ ကိုယ့်ဆုတောင်းတွေ ပြည့်ခဲ့ပါတယ် မင်းကိုယ်တိုင် ကိုယ်ဆီ ရောက်လာခဲ့တယ် ။ တံခါးနောက်မှာ လာချောင်းနေတာ ရင်ဘက်လေးတောင် ဖိပြီးတော့လေ ။ ဘယ်သူ့ကိုများ ဒီလောက်တောင် ကြောက်နေတာပါလိမ့်  အချစ်ရယ်



🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now