ep(24)

3.3K 224 18
                                    

🤍 IF  I ' M  Ever Gonna  Fall In Love 🤍






ep(24)






Free Size T  Shirt အဝါရောင်လေးကို ခဲရောင် ဂျင်းကုတ်လေးနဲ့ တွဲဝတ်ထားတဲ့ ရှောင်ကျန့်က လူငယ်ဆန်တာထက်ကို ပိုသည် ။ နက်ပြာရောင် ဂျင်းဘောင်းရှည်လေးက ခြေချင်းဝတ်အပေါ်ထိ ခေါက်တင်ထားတာမို့ သူ့ခြေထောင်ဖွေးဖွေးလေးက ထင်ထင်ရှားရှား ။ ခပ်အုပ်အုပ်ဆံပင်လေးကို ဘေးတစောင်းခွဲဖြီးထားတာမို့ နူးညံ့လွန်းတဲ့ ဆံနွယ်တို့က လမ်းလျှောက်တိုင်း တလှုပ်လှုပ်နဲ့ ။ မျက်မှန်အဝိုင်းလေးကလည်း သူနဲ့ လိုက်ဖက်စွာ မျက်လုံးဝိုင်းဝိုင်းလေးတွေအပေါ်မှာ သေသေသပ်သပ်လေး နေရာ ယူထားလျှက်


" နွေး "


" ရှင် အကိုလေး ရှောင်း "

အပေါ်ထပ်က ဆင်းလာတဲ့ ရှောင်ကျန့်က လှေကားရင်းရောက်မှာ ခေါ်လိုက်တာမို့ ဧည့်ခန်း ဆက်တီခုံကို သန့်ရှင်းလေး လုပ်နေတဲ့ နွေးက ပြာပြာသလဲ ပြေးလာသည် ။

" အကိုလေး ဘာလိုလို့လဲရှင့် အကိုလေး ခြေထောက်နာနေတယ်ဆို သက်သာလားဟင် နွေးဘာလုပ်ပေးရမလဲ " 

သူ့ခြေထောက်ကို ငုံ့ကြည့်လိုက် လူကို ကြည့်လိုက်နဲ့ အသက်တောင် မရှူဘဲ ပြောနေတဲ့ နွေးကြောင့် ရှောင်ကျန့် ခပ်ဟဟလေး ရယ်မိသည် ။

" ငါဘာမှ မဖြစ်ပါဘူး နွေးရဲ့ ခလုတ်တိုက်ပြီး ပိစိလေး ကွဲသွားတာ  ....  ဒါနဲ့ ငါ့ကားသော့ရော နွေး "

ရှောင်ကျန့်က သူမ စိတ်သက်သာ ရအောင် ပြောပြီး လှေကားအဆင်းက နံရံမှ ချိတ်ထားနေကျ သူ့ကားသော့ကို မတွေ့တာကြောင့် နွေးကိုမေးလိုက်သည်  ။

" အော် အကိုလေး ယူသွားတာ တွေ့ပါတယ်ရှင်  "

" ဟင် ကိုက ငါ့ကား ယူသွားတာလား သူ့ကားကရော "

" ဟို အကိုလေးက သူ့ကားသူ မောင်းသွားတာပါ ဒါမဲ့ ဒီမှာချိတ်ထားတဲ့ ကားသော့တွေ အကုန်ယူသွားတာပါ ကားကတော့ အပြင်မှာ ရှိပါတယ် "


နွေးက ခေါင်းကုတ်ရင်း သူ့ကို ပြောပြနေသည် ။ လက်တဖက်မှာလည်းကြက်တောင်မွှေးတခု ကိုင်ထားသေးသည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now