ep(12)

3K 183 10
                                    

🤍 IF  I 'M  Gonna Fall In Love 🤍





ep(12)



3ရက်မြောက်နေ့  ။ ဒီနေ့နဲ့ဆို အသည်းအသက်နဲ့ ခွဲနေရတာ 3ရက်တောင် ရှိနေပြီ ။ သူလာတွေ့ဖို့ ပြောရင်လည်း  ချစ်သောက သူ့မမနဲ့ ဟိုသွားတယ် ဒီသွားတယ်ဆိုပြီး လာမတွေ့ခိုင်းဘူး ။ ညအိပ်လာမယ်လို့ ပြောရင် ပိုတောင်ဆိုးသေးတယ် အတင်းကို ငြင်းတာ

သူစဥ်းစားလို့ မရဘူး သူ့အချစ် စိတ်ကောက်အောင် ဘာများလုပ်မိလည်းဆိုတာ ။ အလုပ်မသွားခင် အချစ်ကို အလုပ်သွားတော့မဲ့ အကြောင်း စာပို့ထားတယ် ။ ပြန်မလာတဲ့ reply ကြောင့် သက်ပျင်းသာ ချရင်း အလုပ်သွားဖို့ ဆင်းလာခဲ့တယ်  ။

အချိန်အားဖြင့် နေ့လည် 2နာရီ မေမေကတော့ ဒီချိန် ဆိုင်မှာပေါ့ ။ နွေးကတော့ အိမ်ရှေ့ ဧည့်ခန်းထဲမှာ TV ကြည့်ရင်း ဇိမ်ကြနေတယ် ။ သူမကြည့်ရတာ ဆိုဖာ ခုံမှာ တင်ထားတဲ့ အလှခေါင်းအုံးကို ကိုက်နေတာ ရိပေါ် TV ကို အကြည့်ပို့မိတော့ သူမကြည့်နေတာ Bl ကား ။ ရိပေါ် သူမ အနောက်မှာ အချိန်တခု ကြာတဲ့ထိ ရပ်နေတယ် ဒါမဲ့ သူမလှည့်ကြည့်မလာဘူး  ။

" အီး   နမ်းတော့လေ   ဟ Seme ရေ   လုပ်လေ   လုပ်ပစ်လိုက် !  အားယား UKe လေးက အသဲယားစရာလေး ငါတောင် လုပ်ချင်လာပြီ "

ဂွက်!!

" အ့  ဘယ်သူငါ့ကို လာလုပ်တာလဲ ဒီမှာ ကောင်းခန်း .... အ  အကိုလေး ဝမ် "

နွေးသူမ TV ထဲမှာ အာရုံ နစ်ထားမိတာ နောက်က သူမခေါင်းကို တယောက်ယောက်က ထုလိုက်သလိုဘဲ လှည့်ကြည့်မိတော့ အကိုလေးဝမ်က သူ့ကို မျက်ခုံးတွေ တွန့်ချိုးပြီးကြည့်နေသည်တဲ့ လန့်လိုက်တာ အကိုလေးရယ် ။  သူမမှာ Tv ကို အမြန်ပိတ်ရင်း အကိုလေးရှေ့ ကုတ်ကုတ်လေး သွားရပ်နေမိသည် ။

"  ဟို အကိုလေးရှင့် နွေးကို တခုခုခိုင်းစရာ ရှိလို့လားဟင် "

" ငါ မင်းနောက် ရောက်နေတာ ဘယ်လောက်ကြာပြီလဲ သိလား ဟမ် ! "

သူမက ခေါင်းကို အောက်ကြမ်းပြင် ထိလုမတတ် ငုံ့နေမိသည်  ။ သူမ တကယ်မသိလိုက်ဘူး ။ သူမ ဘယ်လို ဖြေရှင်းချက်ပေးရမလဲ မသိဘူး အကိုလေးဝမ်က ဒီရက်ပိုင်း ဒေါသထွက်လွယ်တယ် သူမကိုဆိုလည်း တခုခုဆို ခေါင်းကို ဂွက်ကနဲ ဂွက်ကနဲဘဲ

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Unde poveștirile trăiesc. Descoperă acum