ep(37)

3.6K 200 20
                                    

🤍 IF I'M Ever Gonna Fall In Love 🤍


ep(37)




" အချစ် ... ဘေဘီ   ကလေးလေး ! "

" ဟမ် ဟမ် ဘာလဲ လောင်ကုန်းရဲ့ "

" ဟောဗျာ ယောကျ်ားတစ်ယောက်လုံး ရှေ့ထားပြီး ဘာတွေ တွေးနေတာတုန်း ခင်ဗျားရဲ့ "

ကွန်ပျူရှေ့မှာ မေးကို လက်နှစ်ယောက်ထောက်ထို့ တွေတွေလေး ငေးနေတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ် Screen ကို ကျော်လို့ရရင် အဲ့ဒီ ဖြူဖြူဖွေးဖွေးပါးပြင်လေးကို ဆွဲဖဲ့ပြီးနေလောက်ပြီ ။ တစ်နာရီ နီးပါး ဒီ Screen ထက်မှာ မျက်နှာလှလှလေးကို မြင်နေရတာတောင် သူ့မှာ ကြည့်လို့ကို မ၀နိုင်တော့ ဖြစ်နိုင်ရင်  .. အင်းဖြစ်နိုင်ရင်

" ကိုယ် လာခေါ်ရမလား "

" အာ ... ရပါတယ်ကိုရဲ့ နောက် 2လလေး သည်းခံစောင့်ပေးပါအုံး လောင်ကုန်း နော် ~ "

" ကိုယ်တကယ် လွမ်းနေပြီ ခင်ဗျားရဲ့ "

" အယ် ရှေ့လကဘဲ လာတွေ့သွားပြီးတော့ ကိုနော် ငါ့သမီးကို ပစ်ပစ် မထားခဲ့ပါနဲ့ "

" မီးမီးကိုပါ ခေါ်ခဲ့မယ်လေ "

" မရပါဘူးနော် ကလေးက ကျောင်းကိစ္စလည်း ရှိသေးတာကို ခင်ဗျားလည်း မလာနဲ့တော့ 2 လလေးကို မစောင့်နိုင်တော့ဘူးလား "

" 2စက္ကန့်ဆိုရင်တောင် ကိုယ့်မှာ နှစ်ကမာ္ဘလောက်ခြားနေသလိုဘဲ "

" အမလေး အမလေး ငါမျက်ရည်မကျမိအောင် မနည်းထိန်းထားရသည်  "

သူ့စကားကြောင့် ၀မ်းနည်းသွားတဲ့ ရှောင်ကျန့်လေးက ဗိုက်နှိပ်ကာ ရယ်နေတာ မရပ်တော့ ။ ရှက်သွားတဲ့ ရိပေါ်ကဘဲ မျက်ခုံးတွေကို လက်ညိုးနဲ့ အသာကုတ်ခြစ်နေတော့သည် ။

ကုမ္မဏီအလုပ်ပြောင်းလုပ်မှဘဲ ကိုက အရင်ကထက်တောင် ပိုကြည့်ကောင်းနေသလို ။ သမီးလေးရဲ့ ကျောင်းကြိုကျောင်းပို့ အလုပ်ကို သူကိုယ်တိုင် လုပ်ပေးရတဲ့အပြင် ရှောင်ကျန့်ရဲ့ သမီးတွက် သူ့အစားပါ အချိန်များများ သုံးပေးပါဆိုလို့ သူဝါသနာ ပါလွန်းတဲ့ နိုင်ငံဝန်ထမ်းအလုပ်ကို နားပြီး ကိုယ်ပိုင် ကုမ္မဏီ ထောင်ခဲ့တာ ဖြစ်သည် ။ ဒီလေးနှစ်အတွင်းမှာ ကုမ္မဏီက တော်တော်လေး တိုးတက်ပြီး အောင်မြင်လာခဲ့သည် ။ အင်းပေါ့ စရင်းတွေ ဝိုင်းကူပေးနေတဲ့ အိမ်သူအသည်းညှာလေးကို ပိုင်ဆိုင်ထားရတာကို

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now