ep(8)

3.3K 154 7
                                    

🤍 IF  I'M Ever Gonna Fall In Love 🤍



ep(8)



ကို့ယောကျ်ားနဲ့ တကားထဲစီးလာတဲ့ သူဟာ မိန်းကလေးတယောက် ဖြစ်နေတဲ့အခါ ဘယ်သူက သ၀န်မတိုပါမလဲနော် ။ ဘယ်လောက်ဘဲ စိတ်ချတယ်ဘဲ ပြောပြော သဝန်တိုစိတ်ကတော့ ရှိတာဘဲ မဟုတ်လား ။ ရှောင်ကျန့်ကလည်း သူ့ယောကျ်ားကို အရမ်းချစ်တာမို့ အရမ်းသဝန်တိုတတ်ပါသည် ။

သူနဲ့အပြင်သွားမယ်ဆို ခေါ်ခေါ်ထုတ်သွားတတ်တဲ့ ကို့မေမေက သူမကျ ကျောင်းတောင် လိုက်ပို့ခိုင်းသည်တဲ့လား ။ လွန်တာပေါ့  ။

ထိုကောင်မလေးက သူတို့နားလျှောက်လာသလို ကိုကိရစ်နဲ့ ကိုထေဝရန်ကလည်း ရှောင်ကျန့်နားကို ရောက်လာသည် ။

" အာ ကျန့်ရယ် မင်းပြေးသွားတော့ ငါဖြင့်လန့်သွားတာဘဲ  အကိုရိပေါ် လာလို့ကို "

" ဟီး Sorry ပါ ကိုကိရစ်ရယ် ရုတ်တရက်ဆိုတော့ ကျနော်လည်း ဆင်းပြေးလာခဲ့မိတာ "

" အင်းပါ အင်းပါ ဖြစ်တတ်ပါတယ် "

ထိုစကားကို ကိုထေဝရန်က ဝင်ပြောပြီး သူ့မျက်လုံးတွေကတော့အကို ရိပေါ်ဘေးက ပိန်ပိန်သေးသေးမိန်းမလှလေးကို အကဲခတ်နေသည် ။ ဒါကိုသိတဲ့ ကိုကိရစ်က တံတောင်နဲ့ ဆောင့်တွန်းရင်း ရဲရဲတင်းတင်းကြီး မကြည့်ဖို့ သတိပေးလိုက်သည် ။ ဒါကို ထေ၀ရန်က ဂရုမစိုက်ပေါင် ။

" အဟွန်း သူမက ကို့မေမေ မိတ်ဆွေရဲ့ သမီးလေ ပိုင်ရှင်းမြတ်တဲ့ "

ကိုက စကားတလုံးမှ မဟတာကြောင့် ရှောင်ကျန့်ကဘဲ အားနာနာနဲ့ မိတ်ဆက်ပေးလိုက်သည် ။ ထိုအခါ သူမက ရှေ့ကနှစ်ယောက်ကို ပြုံးရုံပြုံးပြပြီး ကို့အနား ပြန်ကပ်နေသည် ။ သူမက မမေးတာကြောင့် ဟိုနှစ်ယောက်ကလည်း သူ့တို့နာမည်တွေ ပြန်မိတ်မဆက်လာဘူး ။ ထိုနေရာတွင် စကားက ရပ်နေသည် ။

" ကိုရေ လိုက်ပို့ပေးလိုက်လေ ကျနော်တို့လည်း အတန်းချိန်ရှိသေးလို့ သွားတော့မယ်နော် "

ရှောင်ကျန့်က သူ့ကို ဆုတ်ကိုင်ထားတဲ့ ကို့လက်ကို ဖြုတ်ပြီး ခပ်ပြုံးပြုံးလေးဘဲ ပြောလိုက်သည် ။ မဟုတ်ရင် အားလုံး ဒီတိုင်းရပ်နေကြတော့မလို့လား

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }حيث تعيش القصص. اكتشف الآن