ep(5)

3.1K 148 8
                                    

🤍 IF I'M Ever Gonna Fall In Love 🤍




ep(5)


" အန်တီမေမေ "

ခပ်ဆူးဆူး ခေါ်သံနဲ့ အတူ အိမ်ထဲ၀င်လာတဲ့ အမျိုးသမီးငယ်က လက်ထဲမှာ လောကွတ်ချော်ဖို့ လက်ဆောင်ပနာ တချို့ကိုင်ဆောင်ထားသေးသည် ။

" အာ သမီးလေး ပိုင်ပိုင် လာလေ သမီး "

ပိုင်ပိုင်က ရှေ့ကနေ အထုတ်တွေ သယ်ပေးဖို့ လက်ကမ်းလိုက်တဲ့ နွေးကို ကျော်ကာ ဧည့်ခန်းဆိုဖာမှာ ထိုင်နေတဲ့ Daw Amela Wang ဆီ တည့်တည့်မတ်မတ် လျှောက်သွားသည် ။

လက်ကမ်းနေတဲ့ နွေးမှာ ကြောင်းအန်းအန်းနဲ့ ဧည့်သည်မို့ အထုတ်ကူသယ်ပေးတာကို မသယ်ခိုင်းတော့လည်း ဘာစောက်ရေးလဲ သက်သာတာပေါ့ ။

သူမက သူ၀ယ်လာတဲ့ စျေးကြီးမုန့်တွေကို ရှေ့စားပွဲ၌ ချရင်း

" အန်တီမေမေ နေကောင်းလားရှင် "

သာမန်အသံလို မဟုတ်ဘဲ အိန္ဒြေရလွန်းနေတဲ့ မိန်းကလေးတယောက်ပုံစံ ​မေးလာတဲ့ သူမစကားကို Daw Amela Wang က သဘောတကျ ရယ်ရင်း

" ကောင်းပါ့ရှင် ဘယ်လို ရောက်လာတာတုန်းသမီးရဲ့ လာမယ်ဆို ကြိုမပြောဘူး အန်တီက သမီးကို လာကြိုခိုင်းမှာပေါ့ "

အန်တီမေမေ စကားကြောင့် သူမက အိန္ဒြေရရ ပြုံးရင်း

" ဟီး ရပါတယ် အန်တီမေမေ သမီးလည်း အန်တီမေမေကို သတိရလို့ ဝင်လာလိုက်တာ "

" ဟုတ်ပါပြီ ရှင် သမီး အပူသောက်မလား အအေး သောက်မလား နွေး ... "

DawAmela Wang က ပိုင်ပိုင်ကို မေးရင်း တံခါးနားမှာ ခုချိန်ထိ ရပ်နေတဲ့ နွေးကို လှမ်းခေါ်လိုက်သည် ။ နွေးကတော့ ပိုင်ပိုင်ဆိုတဲ့ တယောက်ကို ခပ်တိုးတိုးကြိမ်ဆဲရင်း

" ရှင် မေမေ​ကြီး "

" နေ နေ ပိုင်ပိုင် မသောက်တော့ပါဘူး အန်တီမေမေ "

" ဘာဖြစ်လို့လဲ သမီးရဲ့ ဒါဆို ထမင်းစားသွားလေ "

" ဟို မစား ... "

" မေမေ "

သူမ ငြင်းမလို့ ရှိသေး အပေါ်ထပ်က အသံတခုနဲ့အတူ ဆင်းလာတဲ့ ကိုလူချောကြောင့် စကားကို ရပ်လိုက်ရတယ် ။ သူမက ကိုယ်ကို ဆတ်ကနဲ မတ်လိုက်ရင်း နှုတ်ခမ်းပါး၌ အပြုံးလှလှတပွင့် ဆင်မြန်းလိုက်သည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now