ep(10)

3.2K 164 7
                                    

🤍 IF  I ' M Ever Gonna Fall In Love 🤍





ep(10)




" နွေး ! "

" ရှင် အကိုလေးဝမ် "

" ရှင်ကို နောက်မှာ ထားပြီး မင်းငါ့ဆီ အရင်လာပါလား ခင်ဗျာ "

အကိုလေးရဲ့ အသံက နူးညံ့တယ် မဟုတ်ဘူး ရွဲ့ပြီး ပြောနေသလိုမျိုး ။ အကိုလေးလာရင် အဆူခံရမယ်ဆိုတာ သိတယ် ဒါ့ကြောင့် ဒေါ်လေးကျန်ကိုပါ ပြန်ခေါ်ထားပြီး စစ်ကူတောင်းထားတာ ။ သူသေချာလေး ရှင်းပြပါမည်ပေါ့ ။ ခုတော့ မရှင်းရသေးဘူး ကြောက်ဒူးက တုန်နေပြီ ။ ကားတစီးဘဲ ၀င်လာတယ်ဆိုတော့ မေမေကြီးက ပြန်မရောက်သေးဘူးဆိုတဲ့ သဘော

နွေးရေ နင်တော့ သေပြီ

နွေးက စိတ်ထဲက ရေရွတ်ရင်း တရားပါ မှတ်နေလိုက်သည် ။ သေသွားရင်လည်း ကောင်းမှုလေးပါအောင် ။

" ဒေါ်လေးလို့ လိုက်ခဲ့ပေးပါဆို "

" ဒီကောင်မလေးတော့ မြန်မြန်သွားချေ ဟိုက ကြာနေရင် အော်အုံးမယ် "

သူ့ကို ဘယ်သူမှ မကယ်နိုင်တော့ဘူးလား ။ နွေးက လက်နှစ်ဖက်ကို အပူထွက်သည် အထိ ပွတ်ချေရင်း ဧည့်ခန်းထဲက အကိုလေးတို့ ထိုင်နေတဲ့ ဆိုဖာနားမှာ ခေါင်းလေး ငုံ့ကာ အသာ ရပ်နေသည် ။ အကိုလေးဝမ်က မျက်ခုံးနှစ်ဖက်ကို ထိစပ်လုနီးပါ ကျုံ့ထားပြီး အကိုလေး ရှောင်းက တော့ အကိုလေး ဝမ် လက်ကို ကိုင်ပြီး တခုခု ပြောနေပုံ ။

" နွေး !! '

" ရှင်   ရှင်အကိုလေးဝမ် "

ရုတ်တရက်ကြီး သူ့နာမည် အော်ခေါ်လိုက်တဲ့ အက်ိုလေးကြောင့် နွေးမှာ ကိုယ်လေးပါ တုန်ယင်သွားရင်း ကပြာကယာ ထူးလိုက်သည် ။

" ကိုရယ် ဘာဖြစ်လို့ အော်နေတာလဲ ထားလိုက်ပါတော့ဆို "

အော် နောက်ဆုံးတော့ သူ့ဘက်က ကာပြောပေးမဲ့ သူရှိခဲ့ပြီ ။

" ဟ ရမလားကွာ သူက ကိုယ့်ကို လိမ်တာလေ ခင်ဗျားရဲ့ "

" နွေး မလိမ်ပါဘူး ရှင့် "

" ဘာကို မလိမ်တာလဲ  မင်းငါ့ကို မနေ့က  ဖုန်းဆက်ပြီး ဘာပြောလဲ ဟမ် !  ငါ့ကလေး ပြန်ရောက်ပြီလို့ မင်းငါ့ကို ပြောတယ်မဟုတ်ဘူးလား "

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now