ep(7)

3K 161 4
                                    

🤍 IF I 'M Ever Gonna Fall In Love 🤍


ep(7)

နေ့တနေ့ရဲ့ မနက်ခင်းအစဟာ အလုပ်လုပ်သူတို့အတွက်တော့ အတော်ပင် အလုပ်ရှုပ်သော အချိန်ပင်ဖြစ်သည် ။ လက်တဖက်က  File တခု ကိုင်ရင်း နောက်တဖက်က Long coat အဖြူလေးကို ကိုင်ပြီး ပြေးဆင်းလာတဲ့ ရှောင်ကျန့်ဟာ မနက်က အိပ်ယာထ နောက်ကျလို့ ခုလို သင်တန်းချိန်အတွက် ပြာယာခတ်သွားတာပင်  ။

သူဆင်းပြေးလာလို့ ပြာပြာသလဲ မီးဖိုးခန်းထဲက ပြေးထွက်လာတဲ့ နွေးက  ဖိနပ်စင်ပေါ်က ဖိနပ်တရံယူပြီး အကိူလေးရှောင်း စီးဖို့ အဆင်သင့်ချပေးလိုက်သည် ။ အကိုလေးက သူ့ကို'  ကျေးဇူး 'တလုံးသာပြောကာ ဖိနပ် အမြန်စီးပြီး ကားဆီ ပြေးသွားလေသည် ။

သူမသိတာပေါ့ မနက်ခင်းတိုင်း သူမတို့နည်းတူ နိုးနေကျ အကိုလေးက ဒီမနက် 7 နာရီထိ ဆင်းမလာသေးလို့ သူတောင် အံ့သြနေတာ ။ သေချာတာကတော့ အကိုလေးက သူ့သင်တန်းချိန်တွေကို အပျက်မခံဘူးဆိုတာဘဲ ။ အကိုလေး နိုးနေပြီအထင်နဲ့ သူမလည်း မနက်က သွားမနှိုးပေးဖြစ်ခဲ့ပေ ။ ထင်တဲ့အတိုင်း အကိုလေး အပေါ်ထပ်က ပြေးဆင်းလာတာ တွေ့လို့ ဘာမှ မမေးဘဲ ဖိနပ်သာ ပြင်ပေးလိုက်သည် ။

သူမက လက်ကဖုန်ကို ခါထုတ်လိုက်ပြီး နောက်သို့ လှည့်လိုက်လျှင်

" မေမေကြီး "

" သူက ဘာဖြစ်တာလဲ ပြာပြာ ပြာပြာနဲ့ မျက်လုံးကို နောက်နေဘဲ "

" အကိုလေးက သင်တန်းချိန်တွက် အလျင်လိုနေလို့ပါ မေမေကြီးကလည်း "

" အမလေးတော် အရေးကြီးတယ်ဆိုလည်း စောစောထရမှာပေါ့  တချိန်လုံး ငါ့သားကို ကုတင်ပေါ်ဘဲ ဆွဲတင်နေတာ ငါတယ် ပြောကို မပြောချင်တော့ဘူး "

" နွေးအထင် မေမေ​ကြီးရဲ့ သားကဘဲ ကုတင်ပေါ် ဆွဲတင်နေတာလားလို့ ခုဘဲ ကြည့်လေ အကိုလေးရှောင်းက သင်တန်းသွားပြီ အကိုလေးဝမ်က ပင်ပန်းပြီး မထနိုင်သေးတာ ဖြစ်မယ် ဟိ  ဟိ  "

" နွေး ညဥ်းတော့ ! သေတော့မယ် ဒီကောင်မလေး လာခဲ့ ညဥ်း  သားကို သွားနှိုးသွား "

" ဘာလို့နှိုးမှာလဲ အကိုလေး အလုပ်က နေ့လည်မှလေ  မေ​မေကြီးကလည်း "

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Où les histoires vivent. Découvrez maintenant