ep(26)

3K 208 9
                                    

🤍 IF  I ' M Ever Gonna Fall In Love 🤍





ep(26)


ဆောင်းညရှည်ဟာ အကုန်မြန်လွန်းလိုက်တာ သူဖြင့် အိပ်တောင် မအိပ်ရသေးဘဲ နိုးထလာရပြန်ပါပြီ ။သို့ဖြစ်၍ မနက်ခင်းမှာ တစုံတယောက် ရင်ခွင်၌ နိုးထရခြင်းကလည်း စိတ်အစုံအား ကြည်လင်လန်းဆန်းစေပါသည် ။

သူ့အား ခပ်တင်းတင်းဖက်ထားသူကို အသာမော့ကြည့်မိတော့ လူကို ရဲရဲတင်းတင်း ကြည့်တတ်တဲ့ မျက်ဝန်းတစုံက စုံမှိတ်ထားရင်  အမြဲတမ်း ကော့ညွတ်နေတဲ့ နှုတ်ခမ်းတစုံကလည်း တင်းတင်း စေ့ထားသည် ။ ခပ်ရေးရေး မွှေးညှင်းလေးတွေက ထိုလူရဲ့ ခန့်ညားမှုကို ပိုပြီး ပေါ်လွင်စေသည် ။ လည်တိုင်က ဧဒင်ပန်းသီးဆီ အကြည့်ပို့မိတော့ ညက သူ့အရိုင်းဆန်မှုကြောင့် နီမြန်းနေသည် ။ တွန့်ချိုးတဲ့ မျက်ခုံးတွေကလည်း အတော်လေးမှ ပင်ပန်းထားပုံ ။ ဟုတ်တာပေါ့ သူအရမ်းပင်ပန်းနေတယ်လေ ။ ခံရတဲ့ သူက ဘယ်သူလဲ မသဲကွဲတော့ဘူး

ငါ့ကလေးရဲ့ အဖေက သိပ်ဆိုးတာဘဲ

ဗလာကျင်းနေတဲ့ ရင်ဘက်နား ခေါင်းအပ်ရင်း ယုန်သွား ချွန်ချွန်ထက်ထက်တွေနဲ့ အသာဖိကိုက်လိုက်သည် ။

" ဘေဘီ "

ခုမှ နိုးလာတာတောင် ထိုလူရဲ့ အသံက ကြည်ကြည်လင်လင် ပျက်ပျက်သားသားထွက်ပေါ်လာသည် ။ ကိုက ပလပ်လှန်အိပ်လိုက်ပြီး ရှောင်ကျန့်ကိုကျ သူ့လက်မောင်းပေါ် ခေါင်းအုံးစေသည် ။

" ခွေးပေါက်လေး  နိုးတဲ့ဆို ကိုယ့်ကို ကိုက်နေတယ်ပေါ့  ပြပါအုံး သွားအစွယ်တွေများ ပေါက်နေသလား "

ရွှတ်နောက်နောက်ပြောလာတဲ့လူကို ရှောင်ကျန့် နောက်တကြိမ်ရင်ဘက်ကို ဖိကိုက်လိုက်ပြန်တော့ တဟားဟား အော်ရယ်နေလေရဲ့ ။ ရားးးးး ဒီလူ !!

" ဘာတွေ အလိုမကျ နေတာတုန်း ပြောပါအုံး ကိုယ့်ခွေးလေးရဲ့ "

" ကိုကိုနော် ခွေးလို့ မခေါ်နဲ့ "

" ဟောဗျာ လူကိုတချိန်လုံး ကိုက်နေတဲ့ အကောင်လေးကို ခွေးလို့ မခေါ်လို့ မျောက်လို့ခေါ်ရမှာလား ခွေးလေးရဲ့ "

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now