ep(33)

3.2K 182 23
                                    

🤍 IF I'M Ever Gonna Fall In Love 🤍




ep(33)


လွန်ခဲ့သော 4 နှစ်ခန့်က ဖြစ်သည် ။

" ဒါက ဘာသဘောလဲ ဒေါ် Amela Wang  "

ဇူးက လက်ထဲတင်းတင်းဆုတ်ကိုင်လာတဲ့ စာရွက်တချို့ကို ဒေါ်Amela  Wang ရှေ့ ပစ်ချပေးလိုက်သည် ။  ဒေါ် Amela Wang ရဲ့ ဆိုင် ရုံးခန်းထဲမှာမို့ သူမအတွင်းရေးမှူးတယောက်သာ ရှိနေသည် ။ သူမက အတွင်းရေးမှူးကို ထွက်သွားဖို့ ပြောလိုက်ပြီး အလုပ်စားပွဲရှေ့က ထကာ ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်သည် ။

ဇူးက ဒေါသ ထွက်နေတဲ့ အပြင် မျက်လုံးလှလှလေးတွေကလည်း အရည်လဲ့နေသေးသည် ။

" ဒါက ဘယ်လို ရိုင်းတဲ့ အပြုမူလဲ ကလေးမ  "

ထိုစကားကြောင့် သူမက ဟွန်းကနဲ မဲ့ပစ်လိုက်သည် ။ ထို့နောက် ထိုင်နေတဲ့ သူမရှေ့ရောက်လာပြီး

" ဘယ်သူက ရိုင်းတာလဲ ရှင့်မှာ သားသမီးချင်း ကိုယ်ချင်းစာနာတတ်တဲ့ စိတ်ရော ရှိရဲ့လား "

" မင်း ဘာကို ပြောချင်တာလဲ "

ခုချိန်ထိ နားမလည်ချင်ယောင်ချင်နေသေးတဲ့ သူမကြောင့် ဇူးက အသက်မပါသလို ရယ်ပစ်လိုက်သည် ။

" ဘာကို ပြောချင်တာလဲ ဟုတ်လား ရှင်ကဘဲ ရှင့်သားကို ချစ်တတ်တာလား ကျမမောင်ကလည်း ကျမအသက်ဘဲလေ  ဘယ်လိုစိတ်နဲ့ ငါ့မောင်လေးကို ဆုံးရှုံးဖို့ ရွေးချယ်ရတာလဲ "

သူမအော်ပြောပစ်လိုက်သည် ။ အဲ့ဒီစာရွက်ထဲက လက်မှတ်ကို မြင်တိုင်း ဒေါသက မီးကဲ့သို ဟုန်းဟုန်းတောက် ထွက်လာသည် ။ မတော်တဆများ သူမ မောင်လေးကို ဆုံးရှုံးခဲ့ရရင်   ။ အတွေးနဲ့တောင် ရူးနိုင်တယ် ။ ဘယ်လို စိတ်နဲ့များ ...

" ဒီမှာကလေးမ ရိုင်းတာက မင်းတို့ အစဥ်လာဆိုပေမဲ့ ငါကလည်း ပြောစရာ ရှိတာ ပြောမှာဘဲ မင်းလည်း မြင်တာဘဲလေ ရွေးချယ်မှုက ဖြစ်လာတော့ တခုက မဖြစ်မနေ ရွေးရမှာဘဲ ငါက အစထဲက အလိုမရှိတဲ့ မင်းရဲ့မောင်ကို ရွေးမဲ့အစား ငါ့သားရဲ့ သွေးသားအရင်းဖြစ်တဲ့ ငါ့မြေးကိုဘဲ ရွေးတာ ငါမှားသလား "

" ဘာဖြစ်တယ် အစထဲက အလိုမရှိတာ ဟုတ်လား "

သူမက မယုံနိုင်ခြင်းများစွာနဲ့ စကားကို ရပ်ထားပြီး အံ့သြနေရသည် ။ သူ့ကို အလိုမရှိတဲ့ အသိုင်းဝိုင်းတခုမှာ သူမမောင်လေး မျက်နှာငယ်ပြီး ဘယ်လိုတောင်နေခဲ့ရတာလဲ ။ သူမစကားထပ်ပြောဖို့တောင် အသံက ထွက်မလာတော့ဘူး ။ သူမမောင်လေးကို သနားလွန်းလို့

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now