🍂 လရောင် ဆမ်းတဲ့ နွေပင်လယ် 🍂

1.9K 144 23
                                    

🍂  // လရောင် ဆမ်းတဲ့ နွေပင်လယ် // 🍂




YiZhan [ Oneshort ]





" ရှောင်ကျန့် !!!!!! "

အိမ်တံခါး၀နားကနေ ခပ်စူးစူး အော်သံကြောင့် ရှောင်ကျန့်အပြင် ရှောင်ကျန့်ထမင်းခွံ့နေတဲ့ သားလေးကပါ ပြူးကြောင်​ကြောင်လေးနဲ့ တံခါးဘက်ကို လှည့်ကြည့်သည် ။

" ပါးပါး  ... ဒယ်ဒီ "

အနေထားက သားလေးက ဆိုဖာပေါ်မှာ ထိုင်နေပြီး ရှောင်ကျန့်က ကြမ်းပြင်မှာ တမလင်ခွေထိုင်ကာ ထမင်းခွံ့နေတာ ဖြစ်သည် ။  1 နှစ်ခွဲအရွယ် သားလေးက စကားလည်း တတွတ်တွတ် ပြောတတ်နေပါသည် ။ ဘယ်လိုကြည့်ကြည့်ပါ သားက မောင်နဲ့ တပုံစံထဲရယ် ။ ပါးဖောင်းဖောင်း နှာခေါင်းလုံးလုံးနှုတ်ခမ်းထူထူလေးတွေနဲ့ သူ့ဒယ်ဒီအမွေကို အပြည့်၀ ရထားသည်ကလည်း ချစ်စရာ ကောင်းလွန်းနေပါသည် ။

ဒါမဲ့  ... ဒါမဲ့ မောင်ကလေ .....

ရှောင်ကျန့် သားကို ကျွေးလက်စ ထမင်းပန်းကန်လေးကို ဧည့်ခန်းစားပွဲပေါ်က ခုံမှာ တင်ပြီး ခပ်သွက်သွက် ထသွားလိုက်သည် ။ သားလေးကလည်း မျက်လုံးလေး ကလယ်ကလယ်နဲ့ လိုက်ကြည့်နေသည် ။

" ခင်ဗျား ငါပြန်လာတာ မမြင်ဘူးလား ဟမ် ! "

ပြောပြောဆိုဆို မောင်က တံခါးကို စောင့်ကန်လိုက်သေးသည် ။

" မောင် ငါသားကို ထမင်းခွံ့နေလို့ပါ "

ည 7 နာရီ အချိန်မို့ အပြင်မှာ ညက မှောင်နေပေမဲ့ အိမ်တွင်းမှာတော့ လျှပ်စစ်မီးအကူကြောင့် ထိန်ထိန်းလင်းနေပြီး ဒေါသ​ထွက်နေတဲ့ မောင့်မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရသည် ။  မောင့်ရဲ့ ကားသံကို သူကြားပါသည် သားကို ထမင်းခွံ့လက်စနဲ့မို့ တံခါးထမဖွင့် ပေးမိတာ ဒါက မောင့်ကို ဒေါထွက်သွားစေသည်နှင့်တူပါတယ် သူ့ကို ခပ်စူးစူး စိုက်ကြည့်လိုက်သည် ။

" ခင်ဗျား စောက်လုပ်တွေ တအားရှုပ်နေတယ်ပေါ့ "

မောင့်စကားကြောင့် ရှောင်ကျန့်မောင့်ရှေ့ နဲနဲတိုးသွားရင် မောင့်ထက်ထဲက ရုံးသုံးအိတ်ကို ယူလိုက်သည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now