ep(27)

3.5K 216 12
                                    

🤍 IF  I ' M Ever Gonna Fall In Love 🤍





ep(27)


နှင်းဆီခြံကြီးကအပြန် ကုန်တိုက်ဝင်ပြီး ကလေးကစားစရာ ပစ္စည်းအစုံကို ဝယ်ယူကာ အိမ်ပြန်လာခဲ့ကြသည် ။ နေ့လည်စာကို အပြင်မှာ စားခဲ့ပြီး အိမ်ရောက်တော့ ရှောင်ကျန့်က ရိပေါ်ရင်ခွင်ထဲ ဝင်ကာ အိပ်နေပြီး ရိပေါ်ကတော့ TV ကလာနေသော နိုင်ငံရေး သတင်းတချို့ကြည့်နေသည် ။

ရင်ခွင်ထဲက ခွေးပေါက်လေးကတော့ လျှောက်လည်ပြီး ပင်ပန်းသွားလို့ထင်ပါရဲ့ နှစ်နှစ်ချိုက်ချိုက်ကို အိပ်ပျော်နေတာ ပါးစပ်လေးတောင် ဟပြီးတော့လေ  ။ အောက်နှုတ်ခမ်းလေးနဲ့ လက်ညိုးလက်မ သုံးပြီး အသာဆွဲညှစ်လိုက်တော့ တချက်လွန့်လူးသွားပြီး ပြန်အိပ်နေလေရဲ့  ။

ရိပေါ်မှာအသည်းယားလွန်းလို့ ပါးဖောင်းဖောင်းလေးကို နှာခေါင်းနစ်ဝင်တဲ့ထိ နမ်းပစ်လိုက်သည် ။

" ကိုကို !! သူများအိပ်နေတာကို နှောင့်ယှက်နေတယ် မကောင်းတဲ့ ကောင်  !!! "

မျက်လုံးကဖြင့် မဖွင့်ဘဲ ဇွတ်အော်နေတဲ့ ဟာလေးကြောင့် ရိပေါ် အော်ရယ်ပစ်လိုက်သည် ။

" ရားးး ကိုကိုရာဘာလို့ အသံဗြဲကြီးနဲ့ အော်ရယ်နေတာတုန်း တကယ်ပါဘဲ "

" ခနထပါအုံး သည်းရဲ့  ဒီချိန်ကြီး မအိပ်ရဘူးလေ ဖျားလိမ့်မယ် "

" ဆရာဝန်ကို ဆရာပြန်လာလုပ်နေပြန်ပါပြီ "

ခါးကို ပိုးတိုးဖက်လာပြီး ရင်ခွင်ထဲ ဇွတ်တိုးဝင်နေပြန်တဲ့ အကောင်ပေါက်ရဲ့ စကားက လုံးထွေးနေပေမဲ့ သူရှင်းရှင်းလင်းလင်း ကြားရပါသည် ။ ရိပေါ်က တချက်ပြုံးရင် အကောင်ပေါက်ရဲ့ ဆံပင်အိအိလေးကို ပွတ်သပ်ပြီး

" ခင်ဗျားလေးက ဆရာဝန်ဖြစ်နေရင်တောင် ကိုယ့်မျက်လုံးထဲမှာတော့ မင်းက ကိုယ်တရိပ်တကြည့်ကြည့် ကြည့်ပြီး ချစ်နေရတဲ့ ကိုယ့်ကလေးလေးပါဘဲ  ဒါကြောင့် အသေးအဖွဲ့လေးကအစ ကိုယ်စိတ်ပူတယ် "

" ဟုတ် ပါး  ပါးကို စိတ်ပူအောင် ထပ်မလုပ်တော့ပါဘူး "

ရင်ခွင်ထဲကနေ ထထိုင်လိုက်ပြီး ပြောလာတဲ့ အကောင်ပေါက်ရဲ့ စကားကို ရိပေါ် ခနတော့ ကြောင်သွားပေမဲ့ နောက်မှ ပြန်စဥ်းစားမိပြီး မထိန်းနိုင်စွာ ထရယ်မိလိုက်သည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now