ep(22)

3K 189 14
                                    

🤍 IF I ' M Ever Gonna Fall In Love 🤍

ep(22)

မနက်စာ စားဝိုင်းမှာ အရင်က ဆို လေးယောက်ဖြစ်ပေမဲ့ ခု မမက လက်ထပ်သွားတော့ ပါး မား နဲ့ သူသာ ရှိနေသည် ။

" သားငယ် ကျောင်းတက်ရတာ ဝေးရင် ပါးတို့ မြို့ထဲ ပြောင်းနေကြမလား "

အရင်က မမ အကြိုပို့ လုပ်ပေးပေမဲ့ ခု မမ မရှိတော့ သူ့ဟာသူသာ ကျောင်းသွားနေရသည် ။ ပါးက စိတ်မချဘူး ထင်ပါရဲ့ သူ့ကို ဒီစကားမေးနေတာ အကြိမ် 100 ထက်တောင် မနဲတော့ဘူး ။ ခုဆို ပါးက သူ့ကို ကားပေးမောင်းသည် ။ သူ့အသက် 20 ကျော်နေတာတောင် ပါးက သူ့ကို ကလေးလိုဘဲ ​မြင်နေသေးသည် ထင်ပါတယ် ။

" ပါပါး သားတကယ် အဆင်ပြေတယ် ပါးရော မားရော စိတ်မပူနဲ့နော် "

ရှောင်ကျန့် ဘယ်လိုဘဲ နှစ်သိမ့်ပေးနေပါစေ ပါးနဲ့ မားရဲ့ စိတ်ပူမှုတွေက နဲနဲလေးတောင် လျော့မသွား ။ မိဘဆိုတာ ကို့သားသမီးကို အမြဲတမ်း ကလေးလိုဘဲ မြင်နေတယ် ဆိုတဲ့ စကား​က ပါးနဲ့ မားကြောင့် သူယုံလိုက်ရသည် ။

" သခင်ကြီး ရှေ့နေအကိုကြီး အိမ်ရှေ့မှာ ရောက်နေပါပြီ "

အိမ်အကူ အန်တီရင်က လာပြောတော့ ပါးက ခေါင်းငြိမ့်ပြသည် ။ အန်တီရင်ကတောင် အကိုကြီး ခေါ်တယ်ဆိုတော့ သူမဟုတ်လောက်ပါဘူး ။

" လာပြီ အမရင် "

ပါးက သောက်လက်စ ကော်ဖီပန်းကန်ကို ချထားရင်း ဘေးက ပုဝါလေးနဲ့ ပါးစပ်ပါ ကောက်သုတ်သည် ။ ထို့နောက် ပါးက သူ့မိန်းမကို တချက်ကြည့်ပြီး ထသွားသည် ။ လူကြီးတွေ ကိစ္စမို့ ရှောင်ကျန့်က သူနဲ့ မဆိုင်တာကြောင့် မုန့်သာ အေးဆေး ဆက်စားနေသည် ။

" အမရင် ဧည့်သည်ကို ကော်ဖီဖျော်ပေးထားလိုက်နော် ကျမ သားစားလို့ ပြီးမှဘဲ ထွက်လာခဲ့တော့မယ် "

" မားမား ရတယ် သားဟာသား သိမ်းလိုက်မယ် လိုက်သွားပါ "

" ရော်... မားမား သားလေးက ဒီလောက် ဂရုတစိုက်ကျွေးနေတာတောင် ပိန်ပြီး သေးသေးလေးဖြစ်နေတာ စာတွေကလည်း ကျက်ရသေးတယ် တခါတလေလောက် အားရပါးရ စားပါ့လား သားရယ် "

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now