Final

3.6K 218 22
                                    

🤍 IF I'M  Ever Gonna Fall In Love 🤍


ep (39)    [ Final ]


လေယာဥ်ပေါ်က ဆင်းတဲ့ဆို အမိမြေရဲ့ လေသင်းနံ့ကို တ၀ကြီးရှူပစ်လိုက်သည် ။ လွမ်းနေတာ ဒီမြေ ဒီရေ နဲ့ ဒီနိုင်ငံက သူ့ရဲ့တစ်ဦးတည်းသော သက်ဆိုင်သူကို ။

T Shirt အဖြူစွတ်စွတ်ကို အနီရောင် coat အိကျီ နဲ့ တွဲ၀တ်ထားပြီး နက်ပြာရောင် ဂျင်းဘောင်းဘီလေးကို ခေတ်ဆန်ဆန်ဝတ်ထားသည်က ဒူးပြဲ ပေါင်ပြဲ အသက် 27 နှစ်နဲ့ မလိုက်ဖက်စွာ လူငယ်ဆန်နေသည်က ကလေးတစ်ယောက်မွေးထားတဲ့ ဖခင်တစ်ယောက်ဆိုတာ ထင်ရက်စရာ တစ်စက်ကလေးမရှိ ။ နေရောင်မရှိတဲ့ လေဆိပ်ဝန်းထဲမှာ နေကာမျက်မှန်အမဲရောင်လေးကို smart ကျစွာ တက်ထားသည်က တမင် ပဲများဖို့များလား

" ပါးပါး "

ချီထားတဲ့ သူ့အဖေကိုယ်ပေါ်ကနေ လျောဆင်းပြီး သူ့ကို အော်ခေါ်ကာ ပြေးလာတဲ့ သမီးလေးက ဒေါက်မြင့် ဖိနပ်ကိုတော့ ကျွမ်းကျင်စွာ စီးတတ်ပုံရသည် ။ ပြေးလာတာတောင် နဲနဲလေးတောင်ဟန်ချက်မပျက်သွားတဲ့ သမီးငယ်လေးက လက်ထဲမှာလည်း အဖြူရောင် နှင်းဆီတစ်ပွင့်ကို ကိုင်လာသေးသည် ။

" Hey ... Girl  ဖြေးဖြေး / သမီးဖြေးဖြေး "

Daddy နဲ့ ပါးပါးရဲ့ အသံက တစ်ပြိုင်တည်းထွက်ပေါ်လာပေမဲ့ သူမက သူ့ရဲ့ ဦးတည်ရာဆီကိုဘဲ တည့်တည့်မတ်မတ် ပြေးသွားသည် ။

ရှောင်ကျန့်က တစ်ခုထဲပါတဲ့ Luggage ကို လက်က လွှတ်လိုက်ပြီး ပြေးလာတဲ့ သမီးလေးကို ပွေ့ချီလိုက်သည် ။ ခြေလှမ်းကြဲကြီးတွေနဲ့ ရောက်လာတဲ့ သူက ရှောင်ကျန့်ရဲ့ Luggage ကို ကိုင်ထားပြီး  ပြုံးပြလာတာမို့ Public တွင် ​မြင်ခဲလှသည့် ကို့အပြုံးကို ရှောင်ကျန့် မျက်တောင် မခတ်တမ်း ငေးပစ်လိုက်ပြီး အသုံးသတ်မှာ မျက်စောင်းသေးသေးလေး ထိုးပစ်လိုက်သည် ။

ဟွန့် လူမြင်ကွင်းမှာ ဒီလောက် ကြည့်ကောင်းအောင် ပြုံးစရာလား

" ဖြေးဖြေးလာမှပေါ့ မီးမီးရယ် ဒေါက်ဖိနပ်ကြီးနဲ့ လျှော်လဲမှဖြင် "

ရှောင်ကျန့် ဘေးက လူကို လစ်လျှူရှုပြီး ကိုယ်ပေါ်ရောက်နေတဲ့ သူရဲ့ တစ်ဦးတည်းသော မင်းသမီးလေးကို ဆူပုတ်ပုတ်နဲ့ ပြောလိုက်တော့ ဖအေတူ သမီးလေးကလည်း နှုတ်ခမ်းလေး ရှေ့ထော်လာပြီး ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Onde histórias criam vida. Descubra agora