ep(35)

3K 172 13
                                    

🤍 IF I'M Ever Gonna Fall In Love 🤍






ep(35)





တဆစ်ဆစ်ဖြစ်နေတဲ့ နာကျင်မှုက အနာကျက်နေပြီဖြစ်တဲ့ ဗိုက်ချုပ်ရိုးကြောင်းကလား နှလုံးအိမ်ဆီကလားမသဲကွဲ ။ စို့တက်တဲ့ ရင်ထဲက အပူမီးကြောင့် မကြာသေးခင်ကမှ မမလာပို့သွားတဲ့ ဗန်းနဲ့ထည့်တဲ့ထားတဲ့ ရေသန့်ဘူး အေးအေးလေးထဲက ရေကို ခွက်ထဲထည့်ပြီး တချိုင့်ထဲ မော့သောက်လိုက်တာတောင် ထိုအစိုင်အခဲမီးတောက်က ပြယ်မသွားပေ ။


မှန်တင်စာပွဲခုံရှေ့က ခုံမှာထိုင်လိုက်ပြီး မှန်ထဲက မြင်နေတဲ့ မျက်နှာကို ကြည့်ကာ လက်ဖဝါးနှစ်ဖက်ဖြင့် ချက်ကြမ်းကြမ်းပွတ်ချလိုက်သည် ။

မဟုတ်ဘူးလို့ တယောက်ယောက်ပြောပေးကြစမ်းပါ

ထိုသို့တွေးလိုက်ပေမဲ့ မျက်ဝန်းအိမ်က မြင်ခဲ့ရတဲ့ ဓာတ်ပုံတစ်ပုံက လှောင်နေလိမ့်မည် ။


ထိုပုံထဲမှာ ခါးကျော်ရှည်နေတဲ့ ရွှေအိုရောင် ဆံနွယ်ပိုင်ရှင်မိန်းကလေးက သူကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးပေခဲ့တဲ့ သမီးလေးကို ချီထားပြီး သူရဲ့ ချစ်လှစွာသော ကိုက ထိုသမျိုးသမီးဆီက ကလေးလေးကို လက်ကမ်းခေါ်နေပုံက ပြုံးရွှင်နေလျှက် ။ ထိုအမျိုးသမီးက ကလေးကို သိုင်းယှက်ပြီးဖက်ထားတာမို့ ကလေးမျက်နှာတော့ မမြင်ရပေ ။ ပန်းနုရောင် ဆွဲသားဂါဝန်က ခြေမျက်စိပေါ်ထိ ရှည်တာမို့ သူမ ခန္ဒာကိုယ်မှာ ရိုးရှင်းယဥ်ကျေးစွာ ရှိနေလျှက် ။ ဒီပုံကို မမက ထမင်းစားဝိုင်းမှာ သူကို့အကြောင်း မေးမိတော့ ထုတ်ပြလိုက်ခြင်း ဖြစ်သည် ။


မမကပြောသည်  သေမလား ရှင်မလား မသိတဲ့ သူ့အခြေနေကြောင့် ကို့မေမေက သမီးလေးတွက် နောင်ရေးမှာ မိခင်တယောက်လိုသည်ဆိုတာ ကို့ကို နောက်မိန်းမ ပေးစားလိုက်ပြီတဲ့ ။ ပြီးတော့ ရှောင်ကျန့်ဘက်က ကွာရှင်းပေးဖို့နဲ့ သမီးလေးက ဝမ်အိမ်တော်က တဦးတည်းပိုင် ဖြစ်ကြောင်း လက်မှတ်ထိုးပေးရမယ်တဲ့ ။

ပါးနဲ့မားကလည်း တအားစိတ်ဆိုးနေပြီး ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ဖို့သာ ပြောနေသည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now