ep(38)

4K 199 9
                                    

🤍 IF I 'M  Ever Gonna Fall In Love 🤍




ep(38)



" အာ ... အခန်းထဲမှာ နားမနေဘူးလား "

ရှောင်ကျန့် 1 နာရီနီးပါး ဟင်းချက်ပြီးမှ ထွက်လာတာတောင် တစ်ယောက်သော သူက ရောက်ကတည်းက ထိုင်နေတဲ့ နေရာကနေ တစက်ကလေးတောင် မရွေ့သေးပေ ။

" ရပါတယ် ကိုယ်မပင်ပန်းပါဘူး "

" ဒါဆို ထမင်းအရင်စားလိုက်လေ မီးဖိုခန်းမှာ ပြင်ထားပြီးပြီ ကျနော်ရေချိုးလိုက်အုံးမယ် "

ရှောင်ကျန့်က ခုန သူချွတ်ပုံထားခဲ့တဲ့ ကုတ်အိကျီနဲ့ ရိပေါ် သောက်ထားတဲ့ ရေခွက်ကို ကောက်သိမ်းရင်း သူ့ကို မကြည့်ဘဲ  ပြောလာသည် ။ ရိပေါ်ထပ်ပြီး သည်းမခံနိုင်တော့ ဒီလို သူစိမ်းဆန်နေတာမျိုးတွေ သူလုံး၀ မကြိုက်ပါ

ရှောင်ကျန့်က သူ့ရှေ့မှာဆို အမြဲတမ်းကလေးလိုဘဲ ကပ်ချွဲနေတာကို ပိုသဘောကျသည် ။ ဒီလို ရင့်ကျင့်နေတဲ့ ပုံစံမျိုးကိုလည်း လုံး၀ မကြိုက်ပါ ။

သူ့ကို ပြောပြီး ထွက်သွားဖို့ လုပ်နေတဲ့ အကောင်ပေါက်လေးကို ရိပေါ်က ခါးကနေ ဖက်လိုက်တော့ တုန်တက်သွားတဲ့ ခန္ဒာကိုယ်လေးက သိသိသာသာ ။

" ကိုယ် တောင်းပန်ပါတယ် "

ရိပေါ်ရဲ့ အသံတွေကလည်း အက်ကွဲတုန်ယင်နေပြီး အက်ရှရှ ထွက်ပေါ်လာသည် ။

ငြိမ်သက်နေသူကြောင့် ရိပေါ် ပုခုံးကျဥ်းကျဥ်းလေးပေါ် မေးတင်လိုက်ပြီး

" ကိုယ်တကယ် တောင်းပန်ပါတယ် ကလေးလေး ကိုယ်မင်းမကာကွယ်ပေးနိုင်ခဲ့ဘူး ကိုယ်က အသုံးမကျတဲ့ ယောကျ်ားပါ "

ပုခုံးပေါ်က စိုစိုစွတ်စွတ်အရည်တချို့ကြောင့် ကို ငိုနေမှန်းရှောင်ကျန့် သိလိုက်သည်

" ခင်ဗျား ငိုနေတာလား ကို "

ပြန်ဖြေသံမရှိတဲ့သူက သူ့ရဲ့ ဂုတ်တွေကို တရှုံ့ရှုံ့ နမ်းနေသေးသည် ။

ရှောင်ကျန့်က မငြင်းဆန်မိ အဲ့ဒီအစား သူ့ခါးပေါ်မှာ တင်းကြတ်စွာ ရှိတဲ့နေတဲ့ ကို့လက်ကိုဘဲ နှစ်သိမ့်သလို ခပ်ဖွဖွ ပုတ်ပေးနေမိသည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now