ep(28)

3.2K 197 5
                                    

🤍 IF I ' M Ever Gonna Fall In Love 🤍





ep(28)





" ကဲပါ သားရယ် ဘာစကားမို့လို့ ဒီလောက် ဖြစ်နေရတုန်း "

ပြောစရာရှိလို့ပါဆိုပြီး အတင်းခေါ်ဆွဲလာတဲ့ သူမသားက အခန်းထဲရောက်တော့လည်း သူမအား ပြုံးစိစိနဲ့သာ ကြည့်နေပြီး တခါတခါ ရယ်ချလိုက်ပြီး ပါးစပ်ကိုတောင် လက်ချောင်းတွေနဲ့ ကာလိုက်သေး  ။ သူမ စကားစဖို့ လမ်းခင်းပေးတော့လည်း ဘာမှ မပြောသေးတဲ့ သူမသားကြောင့် ဒီကောင်လေးကို နာနာလေး ခေါက်ပစ်ချင်နေပြီ ။ ဒီလောက် အူမြူးနေတာ တခါမှကို မမြင်ဖူးတာပါတော် 10 အောင်စရင်းထွက်တုန်းက 5D ပါတဲ့ အချိန် နိုင်ငံခြားမှာ ဘွဲ့ရတဲ့ အချိန် တနိုင်ငံလုံးဆိုင်ရာ ရှေ့နေချုပ်အဖြစ် အသိမှတ်ပြုခံရတဲ့ အချိန်  ဒီလိုအချိန်မျိုးတွေမှာတောင် အသိမှတ်ပြုရုံမျှလောက် ပြုံးတတ်တဲ့ သားက ခုလို အူမြူးနေတာ မြင်တော့ သူမ တကယ် အံ့သြမိပါသည် ။


ဘယ်လိုအရာကများ သူမသားကို ဒီလောက်ထိ ပျော်စေရပါသလဲ ။


အသက် 16 နှစ်မှာ သူအနှစ်ဆုံး ဆိုင်ကယ်ကို ဝယ်ပေးဖူးတဲ့ အချိန်ကတောင် ဒီလောက်ထိ ပျော်နေတာ မမြင်ဖူးခဲ့ဘူး ။ တကယ်ဘဲ သိချင်မိပါရဲ့ သားပျော်နေရတဲ့ အကြောင်းရင်းလေး ....

" မေမေ "

သားက လည်ချောင်းတချက်ရှင်းကာ တည်ငြိမ်စွာ ခေါ်လာပြီမို့ စကားအကောင်းပြောတော့မယ်ဆိုတာ သူမသိပြီမို့ လေနက်စွာ နားထောင်ပေးဖို့ ပြင်လိုက်သည် ။

" မေမေနားထောင်နေပါတယ် သား   "

သူမက သားရဲ့ မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီး ပြောလိုက်သည် ။ ခုချိန်မှာ သူမက ကုတင်ပေါ်မှာ ချေချထိုင်နေပြီး သားတော်မောင်က အောက်ကြမ်းပြင်တွင် ဒူးထောက်ထိုင်နေတာ ဖြစ်သည် ။

" မေမေ မြေးလေးရတော့မယ်  "

" ဘယ်လို "

သူမက အံ့သြနားမလည်ဟန်နဲ့ ပြန်မေးတော့ သားက သူမ ပေါင်ထက် မေးတင်ရင်း လေးလေးနက်နက် ရှင်းပြလာသည် ။

" မေမေ သားမက်လေးဆီမှာ ကိုယ်ဝန် 1 လရှိနေပြီ မေမေ ကျနော်တောင် မနက်ကမှ သိတာပါ သူက ကျနော်တို့ စိတ်ပူမှာဆိုးလို့ ဘာမှ မပြောတာ တကယ်လို့ သူတိုင်ပင်ခဲ့ရင်တောင် ကျနော်က ငြင်းပယ်မိမှာ အသေချာဘဲ မေမေ ဒါက သူ့အတွက် ခက်ခဲမှာမို့လို့ သူထိခိုက်မှာ ကျနော် စိတ်ပူတယ်  ..."


🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now